1. Data Transfer Rate
HDD မှာ တစ်စက္ကန့်အတွင်းမှာ 200 MB နဲ့ အောက်သာရေး၊ ဖတ် နိုင်ပြီး SSD မှာကတော့ 200 MB ကနေ 2500 MBအထိ ရေးဖတ်နိုင်ပါသည်။ File တွေကို ကူးတဲ့အခါမှာ SSD က ၂၅ ဆ လောက် ပိုမြန်ပါသည်။
2. Price
GB တူညီတဲ့ SSD တစ်လုံးနဲ့ HDD တစ်လုံး ယှဉ်ရင်တော့ SSD က ဈေးနှစ်ဆလောက်များနေပါမည်။ SSD က ပိုမြန်ပေမဲ့လည်းဈေးနှုန်းက ကိုယ်နဲ့အဆင်ပြေ၊မပြေရှိသေးသည်။ နောက်ပိုင်း ထုတ်လုပ်တဲ့ Laptop တွေမှာ SSD နဲ့ ပါလာတာများပါသည်။
3. Access Time
အချက်အလက်တွေ သိုလှောင် ထည့်သွင်းတဲ့နေရာမှာ ချက်ချင်း လုပ်ဆောင်တယ်လို့ ထင်ရပေမဲ့ သူတို့မှာ အလုပ်စလုပ်ချိန် Access Time တစ်ခုတော့ယူပါသည်။ အဲဒီမှာလည်း SSD တွေက Access Time တိုတောင်းပြီး 0.5 MSသာ အချိန်ယူပါသည်။ HDD တွေကတော့ 5.5 ကနေ 8.0 MS အထိ အချိန်ယူတာမို့ SSD တွေက ပိုမြန်ပါသည်။
4. Random I/O Performance
အချက်အလက် ထုတ်သွင်းနိုင်မှု အခြေအနေပါ။ SSD က 6000 IOPS မြန်နှုန်းရှိပြီး HDD ကတော့ 400 IOPS သာ ရှိတဲ့အတွက် SSD က ၁၅ ဆလောက် ပိုမြန်ပါသည်။
5. လျှပ်စစ်ဓာတ်အား သုံးစွဲမှု
SSD က 2 Watt – 5 Watt ထိပဲ သုံးစွဲပြီး HDD ကတော့ 6 Watt – 15 Watt ရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ HDD က Motor မောင်းနှင်ရတာကြောင့် ပိုမိုစားသုံးတာ ဖြစ်ပါတယ်။ CPU ပါဝါသုံးစွဲမှုမှာလည်း SSD က ၆ ရာခိုင်နှုန်းလောက် ပိုမို သက်သာပါသည်။
6. ဒေတာ ထိန်းသိမ်းနိုင်မှု
HDDတွေက စက်လှုပ်ရှားမှုအပိုင်းတွေပါပေမဲ့ သံလိုက်ဓာတ်နဲ့ သိမ်းတာမို့ DATA တွေကို သိုလှောင်ထားနိုင်တဲ့ ကာလ ပိုကြာကြာ သိမ်းထားနိုင်ပါတယ်။ SSD တွေမှာတော့ စက်လှုပ်ရှားမှု အစိတ်အပိုင်းတွေမပါဘဲ NAND Gate Semiconductor တွေထဲမှာ လျှပ်စစ် သိုလှောင်တဲ့ စနစ်နဲ့ သိမ်းထားတာဖြစ်လို့ အချိန်ကာလ တစ်ခုမှာတော့ သိမ်းဆည်းထားတဲ့ လျှပ်စစ်ဓာတ် ယိုစိမ့်ပျောက်ဆုံးပြီး DATAတွေ ပျက်စီးနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။ အချက်အလက်တွေကို နှစ်ပေါင်းများစွာ သိမ်းဆည်းထားချင်တာမျိုးဆိုရင်တော့ SSDတွေကိုမသုံးဘဲ HDD တွေကိုသာ သုံးသင့်ပါသည်။
7. ယုံကြည်စိတ်ချရမှု
ဒေတာ ထုတ်/သွင်းချိန်မှာ HDD က Data ပျက်စီးနိုင်မှု ရာခိုင်နှုန်း ၂ မှ ၅ အထိ ရှိပြီး SSD ကတော့ ၀.၅ သာ ရှိတဲ့အတွက် ပိုမို စိတ်ချရပါတယ်။ ကြာရှည်စွာ သိုလှောင်သိမ်းဆည်းမည့်ဟာနဲ့တော့ မဆိုင်ပေ။
8. အပူထုတ်လွှတ်မှု
HDD မှာ လည်ပတ်နေရတဲ့ အစိတ်အပိုင်းတွေပါသောကြောင့် အပူထွက်ပါတယ်။ ။ SSD မှာတော့ အပူထုတ်လွှတ်မှု မရှိသလောက် နည်းပါးပါတယ်။
9. သိုလှောင်နိုင်စွမ်းရည် HDD က Notebook တွေအတွက် 2TB နဲ့ Desktop တွေအတွက် 10 TB ထိ ရရှိနိုင်ပြီး SSD တွေမှာတော့ Notebook တွေအတွက် 1 TB နဲ့ Desktop တွေအတွက် 4 TB အထိပဲ ရနိုင်ပါသည်။ နောက်ပိုင်းမှာတော့ များချင်များလာနိုင်ပါသည်။
10. အထွေထွေ
SSD တွေက ပိုမြန်တယ်၊ ပိုပြီး ဒဏ်ခံနိုင်တယ်၊ အားသိပ်မစားဘူး၊ ဒါပေမဲ့ ဈေးကြီးတယ်၊ ဒေတာကို နှစ်ပေါင်းများစွာ သိမ်းချင်ရင်တော့ မကိုက်ဘူး။ SSD တပ်ထားတဲ့ စက်တွေကို ပါဝါမပိတ်မိဘဲ ကျောပိုးအိတ်ထဲမှာ ထည့်ပြီး ကားစီး၊ဆိုင်ကယ်စီးတာ ဘာမှ ပြဿနာ မရှိနိုင်ပေမဲ့ HDD တပ်ထားတဲ့ စက်တွေကို အဲလို ပါဝါမပိတ်ဘဲ သယ်သွားရင်တော့ သိပ်မကြာခင်ပဲပျက်စီးသွားနိုင်ပါတယ်။
Crd: KING_IRF
▼
No comments:
Post a Comment