RAM ဆိုတာဘာလဲ? RAM ဘယ်လိုအလုပ်လုပ်လဲ?
RAM ဆိုတာ Computer, Phone တွေမှာသာမက Gaming Console တွေမှာပါ ပါဝင်တဲ့ အရေးကြီးဆုံးအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပါတယ်။ အခုခေတ်မှာ ဖုန်တစ်လုံးဝယ်ရင်တောင် RAM ဘယ်လောက်ပါလဲကအစ စိတ်ဝင်စားလာကြပြီးဖြစ်ပါတယ်။ ဘာလို့စိတ်ဝင်စားရလဲဆိုရင်တော့ RAM ဟာ Computer တစ်လုံးရဲ့ လုပ်ဆောင်နိုင်စွမ်း Performance ပိုင်းမှာ အဓိကျတဲ့ အပိုင်းအဖြစ်ပါဝင်နေလို့ပဲဖြစ်ပါတယ်။
Computer တစ်လုံးကိုစဖွင့်လိုက်တာနဲ့ RAM ဆိုတာ စတင်ပြီးအလုပ်လုပ်ပြီဖြစ်ပါတယ်။ ပြီးရင် Operating System တက်ဖို့အတွက် Operating System (Windows, MacOS, Linux စသည်) ကို Store လုပ်ထားတဲ့ Hard Disk ကနေတစ်ဆင့် RAM ပေါ်ကို သက်ဆိုင်ရာ Operating System တက်ဖို့အတွက်လိုအပ်တဲ့ အချက်အလက် တွေကိုကူးယူပြီး Operating System ကိုတက်စေပါတယ်။ ပြီးတော့ Computer အလုပ်လုပ်နေစဉ်အတွင်းမှာ Programs တစ်ခုကို Run လိုက်ပြီဆိုတာနဲ့ ပထမဆုံး အဲသည် Program ထည့်ထားတဲ့ Hard Disk ကနေတစ်ဆင့် RAM ပေါ်ကို Program run ဖို့အတွက်လိုအပ်တဲ့ အချက်အလက်တွေကိုအရင်ဆုံးကူးယူပါတယ်။ အဲသည်လိုကူးယူ Store လုပ်ထားတာကို CPU က Processing လုပ်ပြီး Program ကို စ Run စေပါတယ်။ ပြီးတော့အဲသည် CPU က Processing လုပ်ပြီး Run နေတဲ့ Program ကနေ အချက်အလက်တစ်ခုကို မှတ်သားထားမယ်၊ သိမ်းဆည်းထားမယ်ဆိုရင်တော့ RAM မှာပဲ တစ်ဆင့်ခံသိမ်းပြီး Hard Disk ထဲကိုပြန်လည်ကူးယူ Store ပြန်လုပ်ပါတယ်။ ဘာဖြစ်လို့ Computer process တစ်ခု ဒါမှမဟုတ် Program တစ်ခုခု Run တိုင်း Hard Disk ကနေတစ်ဆင့် RAM ပေါ်ကိုဘာလို့ကူးယူပြီး Run ရလဲဆိုရင်တော့ RAM ရဲ့ Read/Write Speed က Hard Disk Read/Write Speed ထက် Performance ပိုင်းမှာ အဆ (၁၀၀) နီးပါး မြန်လို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ RAM ဆိုတာ Volatile Memory အမျိုးအစားဖြစ်တဲ့အတွက် စက်ကို Power ပိတ်လိုက်တာနဲ့ RAM ထဲမှာမှတ်သားထားတဲ့ ရှိသမျှအချက်အလက်တွေကိုလုံးဝ ဖယ်ရှားပစ်မှာဖြစ်ပါတယ်။ အဲတာကြောင့် RAM ဆိုတာ အသုံးပြုနေတဲ့အချိန် ခေတ္တခဏ သိုလှောင်သိမ်းဆည်းအသုံးပြုတဲ့ Short-term memory အမျိုးအစားလည်းဖြစ်ပါတယ်။ Hard Disk ကတော့ Data တွေကို Store လုပ်ပြီးသိမ်းဆည်းထားတာြဖစ်လို့ Long-Term Memory လို့ခေါ်ပါတယ်။
RAM capacity ပမာဏများများရှိတယ်ဆိုရင် Computer မှာ ကိုယ်သုံးတဲ့ Software Program ပေါ်မူတည်ပြီး Program များများ၊ Process များများကို တစ်ပြိုင်တည်း Run လို့ရပါတယ်။ RAM ပမာဏအလုံအလောက်မရှိရင်တော့ နောက်ထပ် Program တစ်ခု Run မယ်ဆိုရင် Run လက်စ Program တစ်ခုခု၊ Process တစ်ခုခု ကို အရင်ဆုံးပိတ်ပေးရပါတယ်။ မပိတ်ပဲနဲ့ Program တစ်ခုကို ဆက်ပြီး Run မယ်ဆိုရင်တော့ စက်လေးပြီးဟန်းလာတတ်ပါတယ်။ တစ်ခုရှိတာက RAM ပမာဏများများရှိခြင်းက Operating System အတက်မြန်တာ၊ နှေးတာနဲ့တော့ သိပ်မသက်ဆိုင်ပါဘူး။
RAM အမျိုးအစား တွေအနေနဲ့
(၁) DRAM (Dynamic Random-Access Memory)
(၂) SRAM (Static Random-Access Memory)
ဆိုပြီး (၂) မျိုးရှိပါတယ်။
အခုခေတ်သုံးနေကြတာတွေကတော့ DRAM အမျိုးအစားကိုမှ ဆင့်ကဲပြုပြင်ထားတဲ့ SDRAM (Synchronous Dynamic Random-Access Memory) အမျိုးအစားတွေဖြစ်ပါတယ်။ အဲသည် SDRAM ကိုမှ SDR (Single Data Rate) နဲ့ DDR (Double Data Rate) ဆိုပြီး (၂) မျိုးကွဲပါသေးတယ်။ အဲသည်ထဲကမှ လက်ရှိ Computer လောကမှာ အသုံးများနေကြတာကတော့ DDR တွေပဲဖြစ်ပါတယ်။ အဲသည် DDR ကိုမှ Generation တွေရှိပါသေးတယ်။ DDR, DDR2, DDR3 နဲ့ DDR4 စတာတွေပဲဖြစ်ပါတယ်။ RAM တွေရဲ့ မြန်နှုန်းကို Clock Speed (MHz) နဲ့တိုင်းတာသလို Bandwidth (GB/s) နဲ့လည်းဖော်ပြတာမျိုးရှိပါတယ်။ DDR4 အမျိုးအစား memory၊ Speed အားဖြင့် 2400MHz ရှိမယ်၊ Bandwidth အားဖြင့် 19.2GB/s ရှိမယ်ဆိုရင်တော့ ဈေးကွက်ထဲကပစ္စည်းတွေပေါ်မှာဖော်ပြရင် DDR4-2400 (PC4-19200) ဆိုပြီးဖော်ပြလေ့ရှိပါတယ်။ 19200 ရဲ့အဓိပ္ပါယ်ကတော့ RAM Clock speed 2400MHz ကို (၈) နဲ့ မြှောက်လိုက်ရင်ရလာတဲ့ 19200MB/s (19.2GB/s) ရဲ့တန်ဖိုးဖြစ်ပါတယ်။
DDR – ၁၉၉၈ ခုနှစ် ဇွန်လမှာ Samsung က Capacity 64MB ရှိတဲ့ DDR RAM ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Speed အနေနဲ့ အများဆုံး 400MHz (3.2GB/s) အထိရရှိနိုင်မှာဖြစ်ပါတယ်။ အများဆုံး Capacity အနေနဲ့ 1GB အထိရရှိနိုင်ပါတယ်။ အခုခေတ်မှာတော့ DDR RAM သုံးထားတဲ့စက်တွေကတော့ရှားသွားပါပြီ။
DDR2 – ၂၀၀၁ ခုနှစ် မှာတော့ Samsung ကပဲ DDR2 RAM Memory Module မိတ်ဆက်ခဲ့ပြန်ပါတယ်။ Speed အနေနဲ့ ဈေးကွက်ထဲမှာ တော့ DDR2-666 (PC2-5333) နဲ့ DDR2-800 (PC2-6400) တွေကရေပန်းစားခဲ့ပါတယ်။ DDR2-1066 (PC2-8533) လည်းရှိခဲ့တာဖြစ်တဲ့အတွက်အမြင့်ဆုံး Speed အနေနဲ့ 1066MHz (8.533GB/s) အထိရရှိနိုင်ခဲ့ပါတယ်။
DDR3 - ၂၀၀၃ ခုနှစ် မှာ Samsung ကပဲ DDR3 အမျိုးအစား RAM ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး အခုခေတ်အထိအသုံးပြုနေဆဲဖြစ်တဲ့ RAM အမျိုးအစားပါတယ်။ လက်ရှိဈေးကွက်ထဲမှာ Popular ဖြစ်နေတဲ့ DDR3 အမျိုးအစားတွေကတော့ DDR3-1333 (PC3-10600) နဲ့ DDR3-1600 (PC3-12800) တွေပဲဖြစ်ပါတယ်။ နောက်ပိုင်း Laptop တွေမှာတော့ DDR3L (Low Voltage) ဆိုပြီး Power စားပိုသက်သာတဲ့ အမျိုးအစားတွေကိုအသုံးပြုလာကြပါတယ်။ သာမန် DDR3 တစ်ချောင်းက 1.5V အသုံးပြုတဲ့အချိန်မှာ DDR3L က 1.35V ပဲအသုံးပြုပါတယ်။ DDR3 နဲ့ DDR3L မှာ Speed နဲ့ Capacity ကတော့ပြောင်းလဲခြင်းမမရှိပါဘူး။
DDR4 - ၂၀၁၁ ခုနှစ်မှာ Hynix က Capacity 2GB ရှိတဲ့ DDR4-2400 RAM အမျိုးအစားကိုကြေညာခဲ့ပါတယ်။ DDR4 က အခုခေတ်ပေါ်စက်တွေမှာ နောက်ဆုံးရရှိနိုင်တဲ့ လူသုံးအများဆုံး RAM အမျိုးအစားဖြစ်ပါတယ်။ DDR4-2133 (PC4-17000) နဲ့ DDR4-2400 (PC4-19200) ကိုအဓိကလူသုံးများကြပြီးအခုနောက်ပိုင်း နောက်ဆုံးပေါ် High-End စက်တွေမှာဆိုရင် DDR4-2666 (PC4-21333) ကနေ DDR4-3200 (PC4-25600) အထိကိုသုံးလာကြတာရှိပါတယ်။
အပေါ်ကပြောပြသွားတာတွေကတော့ Personal Computer တွေမှာ သုံးကြတဲ့ DDR RAM အမျိုးအစားတွေဖြစ်ပါတယ်။ Server Computer တွေမှာတော့ Processing မလုပ်ခင် RAM ထဲက Data တွေပျက်စီးတာရှိခဲ့ရင် အလိုအလျှောက်ပြန်ပြင်ပေးတဲ့ ECC RAM (Error Correcting Code Memory) တွေကိုသုံးကြပါတယ်။
လက်ရှိသုံးနေကြတဲ့ DDR RAM တွေကို နည်းပညာနယ်ပယ်တစ်ချို့မှာ DIMM (Dual In-line Memory Module) လို့ခေါ်ပါတယ်။ ပြီးတော့ Motherboard ပေါ်မှာ ပါဝင်တဲ့ RAM Slot တွေကိုတော့ Desktop Motherboard Form Factor ဆိုရင် DIMM Slots (Dual In-line Memory Module Slots) လိုခေါ်ပြီး Laptop Motherboard Form Factor ဆိုရင်တော့ SO-DIMM Slots (Small Outline Dual In-line Memory Module Slots) လို့ခေါ်ကြပါတယ်။
Graphics Card တွေမှာလည်း Graphics RAM ဆိုတာရှိပါသေးတယ်။ Graphics Card မှာ Graphics processing တွက်ချက်မှုတွေကို မလုပ်ခင် processing လုပ်ရမယ့် Data တွေကိုအရင်ဆုံး Graphics RAM ထဲကူးယူပါတယ်။ ပြီးမှ သက်ဆိုင်ရာ Graphics processing စလုပ်တာပါ။ Graphics card မှာသုံးတဲ့ RAM ကို VRAM (Video RAM) လို့ခေါ်ပြီး သူ့မှာလည်း Graphics DDR SDRAM (GDDR SDRAM) GDDR3, GDDR5 နဲ့ GDDR6 ဆိုပြီး Generation တွေရှိပါတယ်။ တစ်ချို့ Graphics Card တွေမှာတော့ GDDR တွေအစား High-Bandwidth Memory (HBM, HBM2) စတာတွေကိုသုံးကြတာလည်းရှိပါတယ်။
*အခု Post မှာ လိုအပ်တဲ့ပြင်ဆင်စရာတွေ၊ မှားနေတာတွေရှိခဲ့ရင် Comment box ကနေတစ်ဆင့်ထောက်ပြပြောဆိုနိုင်ပါတယ်။ ထပ်ပြီးသိချင်တာရှိရင်လည်း Comment box ဒါမှမဟုတ် Chat box ကနေတစ်ဆင့်မေးမြန်းနိုင်ပါတယ်။*
အားလုံးအဆင်ပြေကြပါစေ။
#ITWorkshop
Wednesday, October 28, 2020
RAM (Random-Access Memory) အကြောင်းအကျဉ်းချုပ်
Subscribe to:
Post Comments (Atom)
SEM ဆိုတာဘာလဲ?
SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...
-
RAM ဆိုတာဘာလဲ? RAM ဘယ်လိုအလုပ်လုပ်လဲ? RAM ဆိုတာ Computer, Phone တွေမှာသာမက Gaming Console တွေမှာပါ ပါဝင်တဲ့ အရေးကြီးဆုံးအစိတ်အပိုင်းထဲက တစ...
-
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထားတဲ့...
-
မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကွန်ပြုတာတစ်လုံး၏ Keyboard တွင်ပါဝင်သော အသုံးဝင်တဲ့ Function Keys များအကြောင်းကို လေ့လာသွားမှာ ဖြစ်ပါတယ်။ Fun...
No comments:
Post a Comment