VPN ရဲ့ အရှည်ကောက်ကတော့ Virtual Private Network လို့ခေါ်တယ်။ Virtual Private Network ဆိုတော့ မြန်မာလို ဘာသာပြန်မယ်ဆိုရင် ကိုယ်ပိုင် Network အတုယောင်လို့ပဲ ဘာသာပြန်ရပါမယ်။
VPN Server ကိုဘယ်လိုအသုံးပြုကြမလဲ ?
VPN Server ရဲ့အသုံးပြုပုံကို ကျွန်တော်
မပြောပြခင်မှာ VPN Server ကိုဘယ်လိုနေရာမျိုးမှာ အသုံးပြုသင့်သလဲဆိုတာကို အရင်ရှင်းပြပါ့မယ်။
ကျွန်တော်တို့ ကမ္ဘာပေါ်မှာ Network ချိတ်ဆက်ထားတဲ့ Computer တွေရဲ့ အရေအတွက်ဟာ အလွန်တရာမှ
မရေတွက်နိုင်လောက်အောင်ကို များပြားလွန်လှပါတယ်။ အဲဒီလို Computer တွေများကြီး Network
ချိတ်ထားရတဲ့ အဓိကအကြောင်းအရာကတော့
Data တွေ Information တွေ ဖလှယ်ဖို့ရန်အတွက် Network ချိတ်ထားကြတာ ဖြစ်ပါတယ်။
ကျွန်တော်တို့တတွေ Computer တွေကို အဆောက်ဦးတစ်ခုအတွင်းထဲမှာပဲ Network ချိတ်ထားပြီး Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေ
ဖလှယ်မယ်ဆိုရင် လွယ်လင့်တကူ
ဖလှယ်လို့ရနိုင်ပေမယ့် နေရာဒေသတွေတစ်နေရာနဲ့
တစ်နေရာ၊ အလွန်ဝေးကွာလှတဲ့ Computer တွေ
တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ပြီး
Data တွေဖလှယ်ဖို့ဆိုရင်တော့ မလွယ်ကူတော့တာ
တွေ့ရမှာပါ။
ဥပမာ အနေနဲ့ပြောရရင် မြန်မာပြည်မှာရှိတဲ့
Computer တစ်လုံးနဲ့ စင်္ကာပူ မှာ ရှိတဲ့ Computer တစ်လုံး သူတို့အချင်းချင်း Network ချိတ်ဆက်၊
Data တွေကို ဖလှယ်ချင်တယ်ဆိုရင်၊
ပုံမှန်ကျွန်တော်တို့ တတွေ အဆောက်ဦးတစ်ခု
အတွင်း၊ အခန်းတစ်ခန်းအတွင်းမှာ Computer တွေတစ်လုံးနဲ့တစ်လုံး Data တွေဖလှယ်ဖို့အတွက်
Network ချိတ်ဆက်တဲ့ ပုံစံမျိုးနဲ့
ချိတ်ဆက်လို့ရတော့မှာ မဟုတ်ပါဘူး။
ဒါ့ကြောင့် ဒီလို အရမ်းဝေးကွာလှတဲ့ နေရာတွေမှာ Network ချိတ်မယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ချိတ်ဆက်ရမလဲဆိုတာ စဉ်းစားစရာတစ်ခု ဖြစ်လာပါတယ်။
Internet ရှိတယ်လေ။ အဲ့ဒီ Internet Connection
ကြီးကို အသုံးချပြီး VPN ဆိုတဲ့ Virtual Private Network Connection ကြီးကို ထိုင်လိုက်မယ်ဆိုရင် အရမ်းဝေးကွာလှတဲ့ Computer တွေဟာတစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်ပြီး Data တွေ ဖလှယ်လို့ရသွားပါလိမ့်မယ်။
VPN (Virtual Private Network)
VPN ဆိုတာ Virtual Private Network ကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
စင်္ကာပူမှာ ရှိတဲ့ ကုမ္ပဏီကြီးတွေ မှာတော့ Network အတွင်းမှာ ရှိတဲ့ Resources တွေ ဖြစ်တဲ့
- Web Servers
- Exchange Servers တွေကို အသုံးပြုပြီး
ကုမ္ပဏီအတွင်းရှိ User များ၊ Company ပြင်ပ ကို ရောက်ရှိနေတဲ့ ၀န်ထမ်းများမှ ၀င်ရောက်သုံးစွဲနိုင်ရန် ဖန်တီးပေးလာကြပြီ ဖြစ်ပါတယ်။
အခု တစ်ခါတည်း Web Serverနှင့် Exchange Server များ၏ အကြောင်းအရာ နဲ့ သဘောတရားတွေကို
ပြောပြပေးပါ့မယ်။
Web Server
Web Server မှာ တနည်းအားဖြင့် Web object
တွေကို သိမ်းဆည်းပေးထားပြီး Client များမှ
တောင်းဆိုလာသော (HTTP object) များကို
ပြန်လည်၍ ဖန်တီးပေးခြင်းကို ပြုလုပ်ပေးပါတယ်။
တကယ်လို့ မိမိ၏ Network အတွင်းမှာ Web Server များကို ဖန်တီးထားပါက ၎င်း Server အတွင်းရှိ
Web object များကို ပြင်ပ Network ရှိ User များနှင့် မိမိ Network အတွင်းရှိ User ၏ Web agent
ဖြစ်သော Browser များမှ တဆင့် တောင်းဆိုလာသော HTTP (Hyper Text Transfer Protocol) object
များကို ပြန်လည်၍ ဖန်တီးပေးမှာ ဖြစ်ပါတယ်။
ဒါကတော့ Web Server ရဲ့ အခြေခံလုပ်ဆောင်ချက် သဘောတရားများပဲ ဖြစ်ပါတယ်။
Exchange Server
Exchange Server ရဲ့ လုပ်ဆောင်ချက်တွေ
ကတော့ Mail Services အတွက် ဖြစ်ပါတယ်။
Exchange Server မှ ဖန်တီးပေးနိုင်တဲ့ Mail Services တွေကတော့
- Web Mail
- E-mail စတဲ့ Mail Service တွေကို ပေးနိုင်ပါတယ်။
နောက်ပြီး Exchange Server သည် Mail box user များကိုလည်း အသေးစိတ် Permission များ သတ်မှတ်ပေးနိုင်ပါတယ်။
Exchange Server မှ ဖန်တီးပေးထားသော Mail Service များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) Web Mail
(၂) NNTP
(၃) E Mail
(၄) H.400 တို့ ဖြစ်ပါတယ်။
မိမိရဲ့ Network အတွင်းမှာ ထိုကဲ့သို့သော Web Server ၊ Exchange Server နှင့် FTTP Server ကဲ့သို့ တစ်ခြားသော Server များအား ပြင်ပ Network မှ User များ လွယ်လင့်တကူ လုံခြုံစိတ်ချစွာ သုံးစွဲနိုင်ရန် ဖန်တီးပေးနိုင်ခြင်းကို VPN Connection ပေးခြင်း လို့ ခေါ်ပါတယ်။
VPN Network အား တစ်နည်းအားဖြင့် အပိုင်း (၂) ပိုင်း ခွဲခြားထားပါတယ်။
- VPN Client ( Remote access user)
- VPN Site-To-Site ဆိုပြီး ရှိပါတယ်။
VPN Site-To-Site ကို တစ်နည်းအားဖြင့် VPN Gateway-To-Gateway (or) VPN Server-To-Server ဟူ၍လည်း ခေါ်ဆိုနိုင်ပါတယ်။
နောက်ထပ် VPN Network အတွင်း၌ ပါ၀င်သော Service တစ်ခုကတော့ VPN Site-To-Site ပင် ဖြစ်ပါတယ်။
၎င်း VPN Site-To-Site Connection သည် VPN Network အား တစ်ခုထက်မက ပိုမို ချိတ်ဆက် ပေးနိုင်သည်။
VPN Site-To-Site Connection ၏ လုပ်ဆောင်ချက်တွေကတော့
- ပြင်ပ Network မှ ၀င်ရောက်အသုံးပြုမည့် VPN Client (Remote user) များအတွက် Network အတွင်းရှိ Resource များကို အသုံးပြုနိုင်ရန် ဖန်တီးပေးခြင်း၊
- ၎င်း၀င်ရောက်သုံးစွဲမည့် Client တစ်ဦးချင်းစီအတွက် Password များ ဖန်တီးပေးနိုင်ခြင်း၊
- တစ်ခြားသော VPN Network များနှင့် ထပ်ဆင့်ချိတ်ဆက်ပေးနိုင်ခြင်း၊
- VPN Network အတွင်း၌ အသုံးပြုသည့် Data များအား Encrypt ပြုလုပ်ပေးနိုင်ခြင်း စသည်ဖြင့် လုပ်ဆောင်ပေးပါတယ်။
ဖေါ်ပြပါ အချက်အလက်များသည် VPN Network အတွင်း၌ရှိသော
VPN Client (Remote access user) နှင့် VPN Site-To-Site Network တို့၏ သဘောတရားနှင့် လုပ်ဆောင်ချက်များပင် ဖြစ်ပါတယ်။
Credit- PNA MYANMAR ICT ACADEMY
လူကြီးမင်းတို့၏ လုပ်ငန်းတွင် Websiteရှိရန် Myanmar Web Store မှ တာဝန်ယူပြီးပြုလုပ်ပေးပါရစေ
မြန်မာနိုင်ငံရှိလုပ်ငန်းအားလုံး Website ရှိစေရမည်
#Myanmar #Web #Store
▼
No comments:
Post a Comment