Wednesday, October 28, 2020

SEM ဆိုတာဘာလဲ?

SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။

SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ

SEMကိုလူအနည်းငယ်ပဲသိကြတယ်ဗျ နည်းပညာသမားတွေလောက်တာသိတာများလို့ပါ

SEO နဲ့ SEM ဆိုတာအတူတူပဲလို့ထင်နေတဲ့လူအများစု ရှိကြပါ
တယ် တကယ်တော့တူမလိုလိုနဲ့ မတူပါဘူး။

ဘာမတူတာပါလိမ့်

SEM ဆိုတာကတော့Search Engineကနေ အခကြေးငွေပေးပြီးတော့ရော အခကြေးငွေ ပေးစရာမလိုတဲ့ (organic)နဲ့နှစ်ခုပူးပေါင်းပြီး ကိုယ့်ရဲ့ Websiteကို လူကြီးများအောင်နဲ့လူပိုမြင်အောင် (traffic and visibility) လုပ်ဆောင်ခြင်းဖြစ်ပါတယ်

SEM ရဲ့အကျိုးကျေးဇူးများကတော့
၁.သင့်ရဲ့ Brandကို သင့်ပရိတ်သတ်များမှ မည်သည့်အချိန်မဆိုသိရှိနိုင်ခြင်း
၂. Marketingအတွက် SEM ကိုလွယ်ကူစွာအသုံးပြုနိုင်ခြင်း
၃.သင့်၏  Marketingလုပ်ငန်းကိုစောင့်ကြည့် တိုင်းတာနိုင်ခြင်း
၄.Brand ကို လူသိမှုမြင့်တက်စေခြင်း


ကွန်ပျူတာ တစ်လုံးရဲ့ အဓိက လုပ်ငန်း 5 မျိုး

ကွန်ပျူတာကိုတော့ တော်တော်များများထိတွေ့ရင်းနီးအသုံးပြုကြပါတယ်... သူ့ရဲ့အလုပ်လုပ်ဆောင်ပုံကို ရိုးရိုးရှင်းရှင်းလေးပြန်စဉ်းစားရင် စိတ်ဝင်စားဖို့ကောင်းပါတယ်... ဒါကြောင့် ကွန်ပျူတာနဲ့ အကျွမ်းတဝင်သိပ်မရှိသူတွေ.. အထူးသဖြင့် ကွန်ပျူတာနဲ့ စတင်ထိတွေ့စ beginner တွေအတွက် သိထားသင့်တဲ့ အခြေခံ ဗဟုသုတလေးတွေကို ဒီနေရာမှာဖော်ပြပေးလိုက်ပါတယ်... ကွန်ပျူတာတစ်လုံးအလုပ်လုပ်ဆောင်တဲ့အခါမှာ အဓိကလုပ်ငန်းဆောင်တာ unit (5) မျိုးနဲ့လုပ်ဆောင်ပါတယ်... အဲ့ဒါတွေကတော့ (1) Input Unit (2) Storage Unit (3) Operation Unit (4) Control Unit (5) Output Unit တို့ဖြစ်ပါတယ်...

(1) Input Unit
ဒီအပိုင်းဟာ ကွန်ပျူတာတစ်လုံး အလုပ်လုပ်ဖို့ လိုအပ်တဲ့အချက်အလက် (Data) တွေနဲ့ ဒီ Data တွေပေါ်မှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက် (Programs) တွေကို ထည့်သွင်းခြင်းပဲ ဖြစ်ပါတယ်... လူနဲ့ယှဉ်ပြီး ဥပမာပေးရမယ်ဆိုရင် လူရဲ့နား၊ မျက်စိနဲ့တူပါတယ်...

(2) Storage Unit
ဒီအပိုင်းကတော့ Input Unit ကထည့်သွင်းလာတဲ့ Data နဲ့ Programs တွေကို သိမ်းဆည်းထားခြင်းပဲ ဖြစ်ပါတယ်... လူရဲ့ဦးနှောက်နဲ့ ဆင်တူပါတယ်...

(3) Operation Unit
ဒီအပိုင်းမှာတော့ သိမ်းဆည်းထားတဲ့ အချက်အလက် (Data) တွေကို ညွှန်ကြားချက် (Programs) တွေအရ တွက်ချက်ခြင်းပဲ ဖြစ်ပါတယ်... လူ့ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ်ခြင်းနဲ့ သဘောတရားတူပါတယ်...

(4) Control Unit
ဒီအပိုင်းကတော့ Input… Storage… Operation… Output… စတဲ့အခြား Unit (4) ခုလုံးကို ထိန်းချုပ်ထားပါတယ်... လူရဲ့ပင်မအာရုံကြောစနစ်နဲ့ ဥပမာပေးနိုင်ပါတယ်...

(5) Output Unit
ဒီအပိုင်းမှာတော့ ကွန်ပျူတာက တွက်ချက်ပြီးထွက်လာတဲ့ ရလာဒ်တွေကို လူသားတွေအသုံးပြုနေကျ နားလည်နိုင်တဲ့ပုံစံ (Format) နဲ့ပြန်ပြပေးပါတယ်... သူ့ရဲ့လုပ်ဆောင်ပုံက လူရဲ့တုံ့ပြန်စကားပြောဆိုပုံ၊ ခြေဟန်လက်ဟန်တွေနဲ့ သဘောဆင်ပါတယ်...

မူရင်းသို့
http://chitsayarlaypar.blogspot.com/2013/03/5.html


ကွန်ပျူတာ Passwords မေ့လို့ ဖွင့်လို့မရခဲ့ပါက ပြန်ဖွင့်နည်း

◘◘နည်းလမ်း(၁)◘◘

ကွန်ပျူတာစသုံးတဲ့အခါ သို့မဟုတ် ၀င်းဒိုးတင်တဲ့အခါတွေမှာ Username မဖြစ်မနေပေးခဲ့ရပါတယ်။ ထိုအခါ ကွန်ပျူတာ Username နဲ့ Administrator ဆိုပြီးအကောင့်နှစ်ခုဖြစ်သွားပါတယ်။ ဥပမာ Username မှာ MgMg လို့ပေးခဲ့ရင် MgMg နဲ့အတူ Administratorဆိုတဲ့အကောင့်က ပူးတွဲပါရှိလာပါတယ်။ မိတ်ဆွေက MgMg မှာ passwords ပေးထားခဲ့တယ်
ဒါပေမယ့် မေ့သွားပြီဆိုလျှင် ကွန်ပျူတာကို Restart ချလိုက်ပါ။ Restart ချလိုက်တာနဲ့တပြိုင်နက် F8 ဆိုတဲ့ Key ကိုအဆက်မပြတ်နှိပ်ပေးထားပါ။ နှိပ်ပါဟုဆိုရာတွင် ဖိထားခိုင်းခြင်းမဟုတ်ပါ။ ထိုအခါ Safe Mode မြင်ကွင်းကိုရောက်ရှိသွားပါမယ်။ Safe Mode ဆိုတဲ့စာသားနေရာကို
Arrow Key နဲ့ရွှေ့ပြီး Enter ခေါက်လိုက်ပါ။

အချိန်အနည်းငယ်တော့စောင့်ရပါမယ်။ ထိုအခါ
ကွန်ပျူတာသည် Safe Mode မြင်ကွင်းနဲ့ပွင့်လာပါလိမ့်မယ်။၄င်းတွင် Administrator နှင့်Username ( MgMg) ကိုတွေ့ရပါမယ်။ Username ( MgMg) သည် passwords မေ့နေသူရဲ့အကောင့်ပါ။ယခု Administrator အကောင့်ကိုဖွင့်လိုက်ပါ၊ Safe Mode နဲ့၀င်ထားတာဖြစ်တဲ့အတွက် MgMg အကောင့်ကိုတော့၀င်လို့ရမည်မဟုတ်ပါ။ Start> Control Panel မှ User
Accounts ( icon ) ကို ကလစ်လုပ်ဖွင့်ပါ။

User Account (box) ပေါ်လာပါမယ်။ ၄င်းတွင် "or pick an account to change" လို့တွေ့ရပါမယ်။ ထိုအခါMgMg ဆိုတဲ့အကောင့်ကို ကလစ်လုပ်လို့ရနိုင်ပါပြီ။ထိုအခါနောက်ထပ်မြင်ကွင်း
တစ်ခုပေါ်လာပါမယ်။ ၄င်းတွင် "What do you want to change about
account လို့တွေ့ရပါမယ်။ ၄င်းတွင် "Change the password" ကိုရွေးချယ်ပြီး password အသစ်တစ်ခုပေးပါ။ အရင်စဉ်းစားလို့မရတဲ့ password ကို ပင်ပန်းခံမစဉ်းစားပါနဲ့.။မေ့လိုက်ပါ
အရင်ကဇာတ်လမ်းလေး…..အဲ..ယောင်လို့.. တကယ်လို့ "Remove the password" ကိုရွေးရင် ဘာpassword မှထည့်စရာမလိုတော့ဘဲ ကွန်ပျူတာပွင့်လာပါလိမ့်မယ်။ "Type a new Password" မှာ passwords အသစ်ထည့်ပေးပါ။ မထည့်ချင်လဲ ဒီအတိုင်းထားပါ။
Change password ခလုပ်ကိုနှိပ်ပါ။ ကွန်ပျူတာကို ပုံမှန်အတိုင်း Restart လုပ်ပါ။ အကောင့်မှာ password တောင်းရင်လဲ ပတ်ဝေါ့ ပေးပြီး၀င်နိုင် ပါတယ်။ မတောင်းရင်လဲ ဒီအတိုင်းဘဲ ပွင့်သွားပါလိမ့်မယ်။

◘◘နည်းလမ်း(၂)◘◘

ကွန်ပျူတာမှာ အခြားသူတစ်ဦးဦးက၀င်လို့ရရင် (အခြား User ရှိရင် သူ့အနေနဲ့၀င်ပါ)။ပထမနည်းအတိုင်းဆောင်ရွက်နိုင်ပါတယ်။

◘◘နည်းလမ်း(၃)◘◘

ယခုနည်းတွင် ကွန်ပျူတာရဲ့ CD Drive မှာ ၀င်းဒိုးစီဒီကိုထည့်ထားပါ။ BIOS သို့၀င်ပြီးFirst Boot ကို CD-ROM သို့ပြောင်းပါ။ ကွန်ပျူတာကို ပြန် Restart လုပ်ပါ။ ကွန်ပျူတာ ပြန်ပွင့်တာနဲ့Press any Key to boot from CD ဆိုတဲ့စာသားပေါ်လာတာနှင့် တစ်ပြိုင်နက် ကီးခလုပ်တစ်ခုခုကို နှိပ်
လိုက်ပါ။ Screen ကိုသေသေချာချာကြည့်ပြီး ပေါ်လာတဲ့ ညွှန်ကြားချက်များ အတိုင်း သေသေချာချာပြုလုပ်ပါ။ ဥပမာ - Licensing Agreement ပေါ်ရင် F8 ကီးကိုနှိပ်တာမျိုးဖြစ်ပါတယ်။ မကြာခင် To set up Windows
XP … To repair a Windows XP..လို့ပေါ်လာရင် (R=Repair) ကိုရွေးချယ်လိုက်ပါ။ R ကီးကိုနှိပ်ပါ။ ဆက်ပြီးဆောင်ရွက်မှုများကိုကြည့်နေပါ။ ၀င်းဒိုးစ် reboot တစ်ချက်ပြန်ဖြစ်ရင် မည့်သည့်ကီးကိုမျှ ၀င်မနှိပ်ပါနဲ့။
ဆိုလိုတာက " Press any Key to boot from CD" ဆိုပြီးပြန်ပေါ်ရင် ကီးခလုပ်ကိုမနှိပ်ပါနဲ့။ အလိုလို install လုပ်နေပါလိမ့်မယ်။
သင့်ရဲ့ User Account (box) ကိုမြင်ရပါမယ်။ ၄င်းတွင် password ကိုပြောင်းလိုကပြောင်း.. ဖယ်လိုက ဖယ်ထုတ်နိုင်ပါပြီ။ တကယ်လို့ password အသစ် မပေးချင်ရင် "Control user-passwords2" လို့ရိုက်ထည့်နိုင်
ပါတယ်။ မြင်ကွင်းများကို ပိတ်၊ command box ကနေထွက်ပြီး Repair လုပ်ငန်းစဉ်ကို ဆက်လုပ်ပါ။ လုပ်ငန်းအားလုံးပြီးရင် ကွန်ပျူတာကို သုံးနိုင်ပါပြီ..။
#Crd

Websiteပြုလုပ်မည်ဆိုပါက Myanmar Web Store ကိုဆက်သွယ်လိုက်ပါ....

Myanmar Web Store
we built awesome websites


Computer Hardware တွေကို ဘာကြောင့်လေ့လာသင့်သလဲ ?

ကျွန်တော်တို့ဆီမှာ ကွန်ပျူတာနဲ့ နေတိုင်းထိတွေ့အလုပ်လုပ်နေတဲ့လူအများစုဟာ Computer Hardware တွေကို လေ့လာတာဟာ ဆားဗစ်စင်တာတွေက တက်ကနစ်ရှန် တွေအလုပ် ငါတို့သိဖို့မလိုဘူးရယ်လို့ ယူဆထားလေ့ ရှိတယ်..

နောက်ဆုံး အိုင်တီသမားစစ်စစ်ရယ်လို့ ပြောရမယ့် Programmer တချို့ဆီမှာတောင်အဲ့လို အတွေးမျိုးရှိတယ်.. ကျွန်တော့်အမြင်တော့ ဒါဟာ တော်တော်လွဲမှားတဲ့အယူအဆတစ်ခုဖြစ်ပါတယ်.. ကိုယ်က ကွန်ပျူတာတစ်လုံးနဲ့ နေစဉ်အလုပ်လုပ်နေရတဲ့လူဆိုရင် အိုင်တီသမားစစ်စစ်မှရယ်မဟုတ်ဘူး ဂရပ်ဖစ် ဒီဇိုင်နာ၊ စာရင်းကိုင်၊ ဗွီဒီယို အယ်ဒီတာ ဘာဖြစ်ဖြစ် ကွန်ပျူတာ Hardware တွေကိုအတိုင်းအတာတစ်ခုအထိနားလည်အောင်လုပ်ထားသင့် ပါတယ်..

ဘာဖြစ်လို့လဲဆိုတော့ Professional ဖြစ်လာပြီဆို ကိုယ်လုပ်ရမယ့် အလုပ်ရဲ့ အတိုင်းအတာကို ကိုယ့်လောက် ဘယ်သူမှမသိပါဘူး.. အဲ့အခါမှာ ကိုယ်အလုပ်နဲ့ သင်တော့်မယ့် စက်ကိုရွေးချယ်ဖို့က ကိုယ့်မှာတာဝန်အရှိဆုံး ဖြစ်ပါတယ်..

ဆိုင်တွေကသိတယ်ဆိုတာ အသုံးများတဲ့အဆင့်အထိပဲသိတာပါ.. ဥပမာ ကိုယ်က ဂိမ်းနည်းနည်းပါးပါး ဆော့ဖို့လောက်ဆို ဘယ်လောက်သုံးရင် အဆင်ပြေမယ်ဆိုတာလိုမျိုးပေါ့ .. သူတို့အဲ့လို ညွှန်းပေးနိုင်တဲ့အတွက် အားလုံးကို သူတို့လက်ထဲပုံပြီးယုံလို့မရပါဘူး..

ဥပမာ လူအယောက် တစ်ရာလောက်သုံးမယ့် SharePoint Server တစ်ခုအတွက် Setup လိုမျိုးကို ဆိုင်တစ်ရာမှာ ကိုးဆယ့်ကိုးဆိုင်လောက်က မသိပါဘူး.. ကျွန်တော့် အတွေ့ အကြုံအရတော့ တစ်ရာမှာ တစ်ဆိုင်မှ မသိပါဘူး.. အဲ့လိုအခြေအနေမျိုးတွေမှာ Developer ကိုယ်တိုင်က စက်က ဘယ်နှစ်လုံးလိုမယ်.. Database အတွက် စက်ကိုဘယ်လိုဆင်မယ်. SharePoint Frontend အတွက်က ဘယ်လောက်လိုမယ် ဆိုတာလိုမျိုး ပြောနိုင်ရပါတယ်.

AMD ရဲ့ Ryzen CPU တွေထွက်လာတော့ Workstation တွေနဲ့ အလုပ်လုပ်ရတဲ့ လူအများစု စိတ်ဝင်စားကြတယ်. ဒါပေမဲ့ ၂၀၁၈ နှစ်လည် မတိုင်ခင်အထိတော့ Ryzen, Windows, Android Emulator စတဲ့ အတွဲအစပ်ဟာအလုပ်မလုပ်တဲ့အတွက် Ryzen တွေဟာ နောက်ဆုံးပေါ် Stock ROM တွေကိုသုံးချင်တဲ့ Android Developer တွေအတွက် ရွေးချယ်စရာ မဟုတ်ခဲ့ဘူး. မှားပြီးဆင်မိတဲ့ Developer တွေကတော့ Visual Studio က Emulator လိုမျိုးကိုသုံးရတာ.. ဒါမှမဟုတ် Linux ကိုပြောင်းသုံးရတာလိုမျိုး အခက်အခဲတွေရှိခဲ့တယ်..

ဒါဟာ ကျွန်တော်သိသလောက်ထဲက အနည်းအကျဉ်းလောက်ကို ပြောပြတာလောက်ပဲ.. တကယ်တမ်းမှာ ကိုယ်လုပ်ရမယ့်အလုပ်နဲ့ သင့်တော်မယ်စက် မရွေးတက်လို့ တက်တဲ့ ပြဿနာတွေဟာအများကြီးပဲ.. 3D Modeling လိုမျိုးကို တစ်ရုံးလုံး Laptop လေးတွေနဲ့ထိုင်လုပ်တာလိုမျိုး… သန်းနဲ့ချီတဲ့ Row တွေရှိတဲ့ data တွေကို laptop လေးတစ်လုံးနဲ့ Excel ထဲ Data Analysis လုပ်တာလိုမျိုး ကိုယ်စီးတဲ့မြင်း အထီးမှန်း အမမှန်းမသိလို့ မလိုအပ်ဘဲ လုပ်ငန်းခွင် တစ်ခုလုံးနှောင့်နှေးကြန့်ကြာနေမျိုးတွေကို မမြင်ချင်အဆုံး တွေ့ခဲ့ဖူးတယ် ..

အဲ့တော့ ကိုယ်က နေ့တိုင်းလို ကွန်ပျူတာတွေနဲ့ အလုပ်လုပ်နေရတဲ့လူဆိုရင် ကိုယ်လုပ်မယ့် အလုပ်အတွက် ဘယ်လိုစက်မျိုးသုံးရင်သင့်တော်မယ်ဆိုတာ ရွေးချယ်တက်အောင် Hardware တွေကို အတိုင်းအတာ တစ်ခုအထိ လေ့လာထားသင့်ပါတယ်

မူရင်းသို့

[https://www.facebook.com/active.it.class/posts/2194436983947668]


သင်မသိသေးတဲ့ Keyboard Function Keys များ

မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကွန်ပြုတာတစ်လုံး၏ Keyboard တွင်ပါဝင်သော အသုံးဝင်တဲ့ Function Keys များအကြောင်းကို လေ့လာသွားမှာ ဖြစ်ပါတယ်။ Function Keys အများစုသည် Keyboard ၏ အပေါ်ဘက်တွင် ရှိတက်ပါတယ်။ ပုံတွင် တချက်ကြည့်ပေးပါ။

ဒီနေ့မှာတော့ အဆိုပါ Function Key တွေရဲ့ အလုပ်လုပ်ပုံအကြောင်းကို တခုချင်းစီ ပြောပြသွားမှာ ဖြစ်ပါတယ်။ ကဲ စလိုက်ကြရအောင်ပါ။ လက်တော့တွေမှာဆိုရင် Function Keys ကို ဒီအတိုင်းနှိပ်ရတာ ရှိသလို Keyboard မှာရှိတဲ့ Fn ဆိုတဲ့ Key လေးနဲကတွဲနှိပ်မှ အလုပ်လုပ်ပါတယ်။ Desktop မှာဆိုရင်တော့
ပြသာနာမရှိပါဘူး။ ပြန်စမ်းတဲ့အခါမှာ အဆင်မပြေတာရှိရင်လည်း မေးမြန်းနိင်ပါတယ်။

နောက်လည်းအေးဆေးပြန်ဖတ်လု့ိရအောင် Share ထားလိုက်ဦးနော်

F1
F1 သည် အဓိကတော့ ကွန်ပြုတာကို အကူအညီတောင်းတာဖြစ်ပါတယ်။ ကွန်ပြုတာနှင့် ပတ်သတ်ပြီး သိချင်တာရှိရင် မေးမြန်းနိင်ပါတယ်။ ဥပမာ Google နဲ့ဆင်ပါတယ်။ ဒါပေမယ့် Google သိလိုတဲ့ အကြောင်းအရာ အလုံးစုံကို ရှာနိင်ပေမယ့် F1 ကတော့ ကွန်ပြုတာတစ်လုံးနှင့် သတ်ဆိုင်သည်များကိုသာ ရှာဖွေနိင်ပါတယ်။ သတိထားစရာတချက်ကတော့ Windows 7 မှာဆိုရင် F1 (Help) ကို Offline အနေနဲ့ အသုံးပြုနိင်ပေမယ့် Windows 10 မှာတော့ Online အနေဖြင့်သာ အသုံးပြုနိင်ပါတယ်။ Online သာ အသုံးပြုလို့ ရတဲ့အတွက် သိချင်တာကို များများစားစားသိလို့ ရပြီးတော့ မကောင်းတဲ့အချက်ကတော့ ကွန်ပြုတာမှာ အင်တာနက် မချိပ်ဆက်ထားရင် တခုမှ မေးမြန်းနိင်မှာ မဟုတ်ပါဘူး။ ဟုတ်ပီ။ F1 ကို Help လို့ခေါ်တယ်။

F2
F2 သည် Folder သော်လည်းကောင်း၊ Icon သော်လည်းကောင်း နာမည်ပြောင်းလိုသည့်အခါတွင် သုံးပါတယ်။ ပုံမှန်အားဖြင့် Folder တစ်ခုကို နာမည်ပြောင်းတော့မယ်ဆိုရင် ၎င်း Folder ပေါ်တွင် Right Click နှိပ်ပြီး Rename ကိုရွေးရပါတယ်။ အဆင့်တွေများတာပေါ့။ မြန်မြန်ဆန်ဆန်လုပ်ချင်တယ်ဆိုရင်တော့ ၎င်း Folder ကို Select ပေး။ ပြီးရင် F2 နှိပ်လိုက်
ဒါဆိုရင် Rename ပြောင်းလို့ရမှာ ဖြစ်ပါတယ်။ ဒီတော့ F2 သည် Folder (or) File တစ်ခုခုကို နာမည်ပြောင်းလိုသည့်အခါတွင် အသုံးပြုပါတယ်။

F3
F3 သည် Search Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Search Box ကိုသွားချင်တယ်ဆိုရင် F3 ကိုနှိပ်ပြီးသွားနိုင်ပါတယ်။

F4
F4 သည် Address Bar သို့သွားလိုသည့်အခါတွင် သုံးပါတယ်။။ ဒီကောင်ကို သုံးမယ်ဆိုရင် မိတ်ဆွေအနေနဲ့ အရင်ဆုံး My Computer ကိုဖွင့်ထားရပါမယ်။ တနည်းအားဖြင့် My Computer ထဲက Address Bar ထဲကို သွားလိုသည့်အခါတွင် F4 ကိုနှိပ်ပြီးသွားနိင်ပါတယ်။

F5
F5 ကိုတော့ တော်တော်များသိမယ်ထင်ပါတယ်။ Refresh လုပ်တာဖြစ်ပါတယ်။ ကွန်ပြုတာနည်းနည်း လေးလာပြီဆိုရင် F5 မကြာခဏနှိပ်လေ့ရှိကြပါတယ်။

F6
F6 ကိုတော့ အသုံးနည်းလှပါတယ်။ မပြောရင်တော့ ရပါတယ်။ ဒါပေမယ့် အကုန်ပြောမယ်လို့ ရည်ရွယ်ထားတဲ့အတွက် ထည့်ပြောရခြင်းဖြစ်ပါတယ်။ ဒီကောင်ကို သုံးဖို့အတွက် My Computer သို့မဟုတ် Browser တစ်ခုခုကို ဖွင့်ထားရပါမယ်။ ပြီးရင်တော့ F6 ကိုနှိပ်ကြည့်ပါ။ Cursor လေးပြောင်းနေတာကို တွေ့ရပါလိ့မ်မယ်။ နှိပ်တဲ့အခါမှာလည်း ၃လေး
ချက် ၄ချက်လောက် နှိပ်ကြည့်ပါ။

F7
F7 ကိုတော့ Spelling Check လုပ်သည့်အခါတွင် သုံးပါတယ်။ Spelling Check လုပ်သည့် Feature ကတော့ Word ပါသည့်အတွက်ကြောင့် Word ကို ဖွင့်ပြီး F7 နှိပ်မှ အလုပ်လုပ်
ပါမယ်။

F8
F8 သည် Word တွင်သာ အလုပ်လုပ်တဲ့ Keys တစ်ခုဖြစ်ပါတယ်။ Word မှာ စာကြောင်းတစ်ကြောင်းကို Select ပေးလိုသည့်အခါတွင် F8 ကို ၂ချက်နှိပ်ပေးပါ။ ၃ချက်နှိပ်ရင် စာပိုဒ်တစ်ခုလုံးကို Select ပေးသွားမှာ ဖြစ်ပါတယ်။

F9
F9 သည်လည်း Refresh လုပ်တာဖြစ်ပါတယ်။ ထူးခြားတာက Word တွင်သာ အလုပ်လုပ်ပါတယ်။ လက်ရှိစာရိုက်နေတဲ့ အချိန်မှာ Word သုံးရတာလေးနေတယ်ဆိုရင် F9 နှိပ်ပြီး Refesh နှိပ်နိုင်ပါတယ်။

F10
F10 သည် Menu Bar ကိုခေါ်သည့်အခါတွင် အသုံးပြုပါတယ်။ လက်ရှိဖွင့်ထားသော Program တစ်ခုခု၏ Menu Bar ကိုခေါ်လိုသည့်အခါတွင် F10 နှိပ်ပြီးခေါ်နိင်ပါတယ်။

F11
F11 သည် လက်ရှိသုံးနေတဲ့ Browser ဖြစ်စေ၊ My Computer ဖြစ်စေ Full Screen လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။ Full Screen ကနေ ပြန်ထွက်ချင်တယ်ဆိုရင် F11 ပြန်နှိပ်ပြီး ထွက်နိင်ပါတယ်။

F12
F12 သည် Save လုပ်တာ ဖြစ်ပါတယ်။ လက်ရှိရိုက်နေတဲ့ Word / Excel / Power Point ကို Save လုပ်လိုသည့်အခါတွင် အသုံးပြုပါတယ်။

စာလေးကို အဆုံးထိဖတ်ရူ့ပေးလို့ ကျေးဇူးအထူးတင်ရှိပါတယ်။ မိတ်ဆွေအတွက်လည်း အသိသုတ တစ်စုံတစ်ရာရရှိမည်လို့ မျှော်လင့်ပါတယ်။

Credit to Writer - Kaung Myat

လူကြီးမင်းတို့၏ Websiteနှင့်ပတ်သတ်သော ကိစ္စ အဝ ဝ ကို
Myanmar Web Store မှ ဆောင်ရွက်ပေးနပါပြီ။

Myanmar Web Store
we built awesome websites


SSD ဆိုတာ...? (Solid State Drive)

SSD ဆိုသည် မှာ Solid State Drive လို့ အဓိပ္ပါယ် ရပါတယ်
နေ့စဉ် သုံးစွဲ နေကြတဲ့ Desktop, Laptop Computer တွေ မှာ အရင် က ဆို hard disk ကို အသုံးပြု ကြပေမယ့် တဖြည်းဖြည်း ပိုပြီး ပေါ့ပါး၊ မြန်ဆန် တဲ့ SSD ကို အစား ထိုး သုံးစွဲ လာကြပါတယ်

Hard Disk များသည် platter ကို read/write head များ နှင့် ဖတ်ခြင်းမျိုး ဖြစ်တာ ကြောင့်၊ data အသွင်း အထုတ် လုပ်ဖို့ အချိန် ကြာမြင့် ပါတယ်
လွတ်ကျပါက လည်း အလွယ် တကူ ပျက်ဆီး နိုင်ပါတယ်
အားသာ ချက် တခု အနေ နဲ့ ကတော့ တဖြည်းဖြည်း စျေး သက်သာ လာ ခြင်း ပဲ ဖြစ်ပါတယ်

SSD အနေ နဲ့ ကတော့ data ကို memory chips မှာ သိမ်းဆည်း ပါတယ်
ကွန်ပြူတာ power off လုပ်လည်း SSD မှာ သိမ်းဆည်း ထား သည့် data သည် ပျောက်ပျက် မသွား နိုင်ပါဘူး
တချို့ကွန်ပြူတာ တွေ (laptop and ultrabooks) မှာ SSD ကို motherboard ပေါ် မှာ တပ်ဆင် ပေးလိုက် ပါတယ်
workstation လိုမျိုး မှာ ကျတော့ PCI Express card အနေ နဲ့ ရှိ နိုင်ပါတယ်
ကွန်ပြူတာ ရဲ့ slot သို့ ထည့်သွင်း တပ်ဆင် အသုံးပြုတာ မျိုး လည်း ရှိပါတယ်
ဒါကြောင့် SSD သည် internal ရော external ရော ပါ ထည့် သွင်း အသုံးပြု နိုင်တယ် လို့ ဆိုရပါမယ်

SSD မှာ အသုံးပြု တဲ့ flash memory သည် USB thumb drive မှာ အသုံးပြု တဲ့ memory နဲ့ ကွာခြားပါတယ်
SSD က ပိုမို မြန်ဆန် ပြီး၊ ကြာရှည်ခံပါတယ်
data ပမာဏ အတူတူ ကို သိမ်းဆည်း ထား မယ်ဆို ရင် SSD က စျေးပို ကြီး ပါတယ်
SSD ကို ၂၀၀၀ ခုနှစ် နောက်ပိုင်း netbooks များ တွင် စတင် အသုံးပြု လာတယ် လို့ ဆိုနိုင်ပါတယ်

SSD ကို 2.5-inch form factor အရွယ်အစား အနေ နဲ့လည်း တွေ့မြင်နိုင်ပါတယ်
အဲဒီ အရွယ် အစား ရှိ တဲ့ hard disk များကို SSD နဲ့ အလွယ် တကူ အစားထိုးနိုင်ပါတယ်
2.5-inch form factor ရှိတဲ့ SSD သည်၊ 4 TB ပမာဏ အထိ ရှိ တတ် ပေမယ်၊ တချို့ ဆာဗာ တွေ မှာ တော့၊ 16 TB ပမာဏ အထိ တတ်ဆင် အသုံးပြုတာကိုတွေ့ရပါတယ်

SSD သည် စျေး ပို ကြီးသည် ဟု ဆိုခဲ့သလို ပဲ၊ 1TB internal 2.5-inch hard drive တခု သည် $50 လောက် ရှိချိန် မှာ ၊ ပမာဏတူ တဲ့ SSD ကတော့ $220 လောက် ရှိပါတယ်၊ နောက်ပြီး SSD သည် common usage အတွက် အများ ဆုံး ပမာဏ 4TB အထိပဲ ရှိ နိုင်ပါတယ်
speed က တော့ SSD ရဲ့ အား အသာ ဆုံး နေရာ လို့ ပြောလည်း ရပါတယ်

SSD ကို primary drive အနေ နဲ့ အသုံး ပြု တဲ့ PC နဲ့ Mac ကွန်ပြူတာ တွေဟာ boot လုပ်တဲ့ အခါ၊ အပလီကေးရှင်း တွေ ကို အသုံးပြုတဲ့ အခါ၊ ဖိုင်တွေ တနေရာ မှ တနေရာသို့ ရွှေ့ပြောင်း တဲ့ အခါမျိုး တွေ မှာ hard drive ထက် ပိုမို မြန်ဆန် ပါတယ်

Hard disk တွေ မှာ တော့ ဖိုင် တွေ သိမ်း/ဖျက် တာ တွေ လုပ်ရင်း fragmentation ဆိုတာ မျိုး ဖြစ်နိုင်ပေမယ့် SSD မှာ တော့ မရှိ နိုင်ပါဘူး
hard drive ကတော့ platter, stepper motor နဲ့ read/write head တွေ ပေါ် မှာ အခြေခံ တည်ဆောက် ထားခြင်း ကြောင့် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် လို့ ဖြစ်စေ၊ ပြုတ်ကျ လို့ဖြစ်စေ၊ ငလျှင် လှုပ်ခြင်း အစရှိသည့် သဘာဝ ဘေးအန္တရယ်မျိုးကြောင့် ဖြစ်စေ ပျက်စီး နိုင်ပေမယ့် SSD ကတော့ ဒါမျိုး မဖြစ်နိုင်ပါဘူး

SSD မှာ လှုပ်ရှား ရတဲ့ အပိုင်းမျိုး မပါဝင်တာ ကြောင့်၊ hard disk လိုမျိုး အသံထွက် ဆူညံနိုင် ခြင်းမျိုးလည်း မရှိပါဘူး
SSD မှာ hard disk လိုပဲ အသုံးပြု ချိန် ကြာမြင့်လာတဲ့ အခါ (၆ နှစ် နဲ့ အထက်လို့ ဆိုပါတယ်) သူ့ ရဲ့ flash memory ကို ရေး/ဖျက် လို့ မရတာ မျိုးတွေ ရှိလာနိုင်ပါတယ်
ဒါကြောင့် SSD ရော hard disk ပါ အသုံးပြု ချိန် နှစ်ချီ ကြာမြင့် ပြီ ဆိုရင် တော့ failur ကို ကာကွယ် ရန် အတွက် tool တခုခု ကို အင်စတော လုပ်ပြီး hard disk (သို့) SSD ၏ အခြေအနေ ကို စဉ်ဆက် မပြတ် စောင့်ကြည့်နိုင်ပါတယ်
Credit: IT

လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ပရီမီယမ် Wesite Designများဖြင့် ခေတ်မှီလှပသေသပ်စွာ ပြုလုပ်ပေးနေပါပြီ

Websiteပြုလုပ်ဖို့ အခုပဲ Facebook Messengerမှာ Messageပို့ဆက်သွယ်လိုက်ပါဗျ
Myanmar Web Store
We Built Awesome Website


✅Server အကြောင်းပြောရအောင်

ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါဆာဗာဒေါင်းနေတယ်ကွာ”လို့ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာ ဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့်လိုက်ဝင်ပါတယ်။ ကဲ တည့်ကြရအောင်။ အင်တာနက် အသုံးပြုတဲ့ လူတိုင်း နားလည်အောင် အလွယ်ကူဆုံး နည်းနဲ့ ရှင်းပြပါမယ်။
အဲဒီ ဆိုဒ်တစ်ခု ဖွင့်မရ ဆာဗာ ဒေါင်းတယ်ဆိုတာ Web Server ကိုပြောတာပါ။ Server မှာတောင် အမျိုးမျိုး ကွဲသေး တယ်လေ။ ကဲ စကြရအောင်။
"Server အဓိပ္ပါယ်"
ကွန်ပြူတာကွန်ရက်များအား ချိတ်ဆက်၍ သတင်းအချက်အလက် ပေး ပို့ပေးခြင်း၊ သိမ်းဆည်းထားပေးခြင်း တို့ ပြုလုပ်ပေးသူကို Server လို့ ခေါ်ပါတယ်။ အလွယ်ကူဆုံး ပြောပြပါမယ်။ ခုနေ ရုံးအကြီးစား တစ်ခုကိုသွားရင် သူ့မှာ စာရွက်စာတန်းတွေ ထိမ်းထား တဲ့ နေရာတစ်ခုတော့ ရှိမှာပဲလေ။ ဂိုထောင်တစ်ခုနဲ့ကို သီးသန့်တောင် ထားကြပါတယ်။ ဆေးရုံတွေမှာဆို ပိုအရေးကြီးပါတယ်။ အခန်းကြီး တစ်ခုထဲမှာ။ ဘယ်နေ့က ဘယ်လူနာ၊ ဘယ်နေ့က ဘယ်ဆေးတိုက်၊ ဘယ်သူဆင်း၊ ဘယ်သူသေ၊ ဘယ်သူတက်၊ ဆေးရုံအသုံးစရိတ် ဘယ်လောက်၊ ဝန်ထမ်းအင်အား ဘယ်လောက် အစရှိသဖြင့် အချက်အလက်အားလုံးကို ဂိုဒေါင် တစ်ခုထဲမှာသိမ်းထားပါမယ်။ လိုအပ်တဲ့အခါကျ ဂိုထောင်ထဲမှာ ဖိုင်စာရင်းအတိအကျကို ထုတ်ယူလို့ရအောင် စနစ်တကျ သေသေသပ်သပ် ထည့်ထားပါတယ်။
ဟုတ်ကဲ့။ အဲဒီအချက်အလက်တွေအားလုံးကို ကွန်ပြူတာတစ်ခုထဲမှာပဲ ထည့်ပြီး ယင်းကွန်ပြူတာကနေ လိုသလို ထုတ်သုံးမယ်။ နောက်ထပ်ကွန်ပြူ တာ တစ်ခုစီ ရောက်အောင်လည်း ရုံးတွင် network နဲ့ ပို့ပေးနိုင်မယ်ဆိုရင် ယင်းကွန်ပြူတာက Server အနေနဲ့ အလုပ်လုပ်နေပါပြီ။ ဒီတော့ သူ့ကို Database Server လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။
"Server မှာ OS လိုအပ်ခြင်း
သာမန် ဂိုဒေါင်တစ်လုံးမှာတောင် Store keeper ဆိုပြီး သီးသန့်ခန့်ရ တယ်လေ။ ဒီတော့ Server တန်းဝင်ဖို့အတွက် Server လုပ်မယ့် ကွန်ပြူတာမှာ Server Operating System ကို ထည့်ထားရပါတယ်။ အချို့ကျတော့ ဂိုထောင်ဝန်ထမ်းမထားချင်ဘူး။ အချက်အလက် ကလည်း နည်းတော့ အဆင်ပြေသလိုထားတယ်။ ဟုတ်ကဲ့။ ကွန်ပြူတာ မှာလည်း ကိုယ် ထောက်ပံ့၊ မျှဝေ၊ သိမ်းဆည်းပေးရမယ့် အချက်အလက်က သိပ်မများဘူးဆိုပြီး အချို့များကလည်း Server Operating System မသုံးပါဘူး။
သုံးတယ်ဆိုရင် ရွေးစရာက အများကြီးပဲ။ Linux Server OS သုံးမလား၊ Windows လား၊ Mac လား အစရှိသဖြင့် ပေါ့။ Server OS ဆိုလို့ ဘာများလည်းလို့ အတွေးနက်မသွားပါနဲ့။ သူက ဂိုထောင်တစ်ခုလို တာဝန်ထမ်းပေးမယ့် ကွန်ပြူတာကို အကောင်းဆုံး ဝန်ဆောင်မှု ပေးမယ့် OS ပါ။ တော်ရုံ OS ကမလုပ်နိုင်တာတွေ လုပ်ပေးမှာလေ။
"Server အမျိုးအစားများ"
Web Server ဝဘ်ဆိုဒ်၊ ဒေတာ အချက်အလက် များ အား သိမ်းဆည်းပေး၊ စေခိုင်းမှု (command လက်ခံပေး) ပြန်လည် အကြောင်းကြားပေးဖို့ အလုပ်လုပ်ပါတယ်။ ဥပမာ ကျနော်က ဝဘ်ဆိုဒ် တစ်ခု ထောင်လိုက်မယ်။ ထောင်တယ်ဆိုလို့ နို့ဆီဗူးထောင်သလို ထောင်လိုက်တာ မဟုတ်ဘူးနော်။ ဆိုဒ်တစ်ခု ပရိုဂရမ်နဲ့ဆွဲပြီး အင်တာနက်ပေါ် လွင့်ပါမယ်။ ဒီလိုလွင့်ဖို့အတွက် ယင်းအချက်အလက်တွေကို ဘယ်မှာ သိမ်းမလည်းက ရှိလာမယ်။ ဥပမာ ခုနေ စာဖတ်သူတို့ Facebook ပေါ်မှာ ပုံတွေ တင်ကြတယ်။ အဲ့ပုံတွေ ဘယ်ရောက်သွားလဲ။ Facebook က အကိုတွေ၊အမတွေကပဲ အလှဆုံးပုံတွေရွေးလို့ ဝိုင်ကြည့်နေကြမယ်လို့ ထင်လို့လား။
အမှန်တာ့ ယင်းပို့သမျှပုံတွေကို Server (ဂိုဒေါင်)ထဲ ထည့်ပါတယ်။ အချက် အလက်သိမ်းဆည်းပြီး Hard Disk အကြီးစားလိုပါပဲ။ Google ဆိုရင် ကမ္ဘာ့အကြီးဆုံး Data Center တောင် ပိုင်ပါတယ်။ Web Server အနေနဲ့ Website ရဲ့ အချက်အလက်များကို သိမ်းဆည်းပေး၊ Command လက်ခံပေး၊ ပြန်လည် အကြောင်းကြားပေး အစရှိသဖြင့် အလုပ်လုပ် ပါတယ်။ Web Server အကြောင်းနောက်မှ သက်သက်ရှင်းပါမယ်။
Application Server – Software app များအား အလုပ်လုပ်ရန် ဝန်ဆောင်မှုပေးသော Server
Catalog Server – network ပေါင်းများစွာမှာ အချက်လက်များကို အလွယ်တကူ ဆီးကူးစေရန် central search point အဖြစ် ဝန်ဆောင်မှုပေးသော Server
Communication Server - တယ်လီဖုန်း တို့ကဲ့သို့ ဆက်သွယ်ရေးအတွက် အသုံးပြုသော Server
Database server - ကွန်ပြူတာ ပရိုဂရမ်နှင့် ကွန်ပြူတာများအား သတင်းအချက်အလက်များအား သိမ်းဆည်းပေးသည့် Server
Fax server – Fax ဝန်ဆောင်မှု ပေးသော Server
File server - ဖိုင်များအား အပေးအယူ၊ အကူးအပြောင်း ပြုလုပ်ပေးသော Server
Game server - ဗီဒိယိုဂိမ်းပရိုဂရမ်နှင့် User များအား ထောက်ပံ့ပေးသည့် Server
Home Server - အိမ်များအတွက် Server
Name Server - ဝဘ်ဆိုဒ် လိပ်စာ DNS များအား သိမ်းဆည်းဝန်ဆောင် မှုပေးသည့် Server
Print Server (Printer ဝန်ဆောင်မှုအတွက် ဆာဗာ)၊ Proxy Server (မတူညီသော server များချိတ်ဆက်နိုင်ရန် ကြားခံ ဆက်သွယ်ပေးသော Server, Sound server (ရေဒီယိုတို့ကဲ့သို့ multimedia broadcasting, streaming များအတွက် အလုပ်လုပ်သော ဆာဗာ)၊ Stand-alone Server, Computer Server အစရှိသဖြင့် အမျိုးမျိုး ထပ်ကွဲပါတယ်။ အချို့ ကျတော့ လည်း Server တစ်ခုချင်းစီမခွဲပဲ သုံးလေးမျိုးကို Server တစ်လုံးတည်းနဲ့ လုပ်လို့ရအောင် ဖန်တီး ပေးပါတယ်။ နောက်မှ Server တစ်ခုချင်းစီ အကြောင်း အသေးစိတ် ရှင်းပြပါ့မယ်။
"Server မှာ ဘာတွေ ပါလဲ"
Server မှာ ပရိုဂရမ်အနေနဲ့ Server OS ပါရမယ်လို့ ပြောပြီးသွားပြီ။ (မပါလည်း ကိစ္စမရှိဘူးနော်)။ Hardware ပစ္စည်း အနေနဲ့ ကတော့ Memory (အချက်အလက် သိမ်းဆည်းထားမယ့် ပစ္စည်း) လိုအပ်ပါတယ်။ Google တို့လို ကုမ္မဏီကြီး ကတော့ Data Center ဟဲဗီး သုံးပြီး သူ့ ကို Run ဖို့အတွက် သီးသန့် Data Center Server OS တောင် သက်သက်သုံးရ ပါတယ်။ အေးအောင်လည်း အမြဲ လုပ်ပေးရပါတယ်။ ဒါမှ Server မဒေါင်းမှာလေ။ တစ်မိနစ်ဒေါင်းရင် Google ဆုံးရှုံးမယ့် ငွေက ကန်ဒေါ်လာ သန်းထောင်နဲ့ချီမှာပါ။ သူ့ကိုမှီနေတဲ့ ကုမ္မဏီ တွေ နိုင်ငံတိုင်းမှာ ရှိနေလို့ ဖြစ်ပါတယ်။ ဟုတ်ကဲ့ ဒီတော့ Server မှာ အချက်အလက် သိမ်းဆည်း ပေးမည့် ဟာ့ဒ်ဝဲ၊ Server အလုပ်လုပ်ရန် စီမံခန့်ခွဲပေးမည့် software တို့ လိုအပ်ပါတယ်။
"Server တို့ ဘယ်လို အလုပ်လုပ်လဲ"
သာမန်ကွန်ပြူတာပဲလေ။ Mail server ဆိုပါစို့။ ကျနော်က Gmail စာတစ်စောင်ရေးလို့ ပို့လိုက်ပြီး mail server ထဲ ရောက်ပြီး အဲ့မေးလ်ကို စစ်ပေး။ ဘယ်ကိုယ်ပို့ရမယ်ဆိုတာ သေသေချာချာ ပြန်ကြည့်ပြီး ပို့ရမယ့် လိပ်စာ၊ နေရာ၊ နိုင်ငံ၊ အင်တာနက်လိုင်းကို စီးကူး ပေးလိုက်ပါတယ်။ ဒါတွေအားလုံးက တစ်မိနစ်အတွင်းမှာ ဖြစ်သွားတာနော်။ အင်တာနက် လိုင်းမြန် ရင် စက္ကန့်နဲ့တောင် ဖြစ်တယ်။ Game server ဆိုရင်လည်း ဘယ်သူတွေ Log in ဝင်ထားလဲ။ ဘယ်သူတွေ ဘာလုပ်နေလဲ။ သူကတော့ ဘာ အချက်အလက်တွေ ပို့လိုက်ပါပြီ။ ဟိုဘက်ကို ဘာအချက် အလက် ပြန်ပို့ပေးရမယ် အစရှိသဖြင့် တော်တော်အလုပ်ရှုပ်ပါတယ်။ သူ့ရဲ့ Data စီးဆင်းမှုကလည်း အတော်လည်း မြန်ဆန်ပါတယ်။
Facebook ဆိုရင်တော့ Web server ပေါ့။ ကျနော်တို့က Log in ဝင်ရင် ဘယ်သူက ဘယ် IP နဲ့ ဝင်လာပါတယ်။ ဘယ် folder ကိုပို့ပေးရမယ်။ ဘာတွေ ပြန်ပို့ပေးရမယ်။ အစရှိသဖြင့် အလုပ်ရှုပ်ပါတယ်။ ဝဘ်ဆိုဒ်တစ်ခုအနေနဲ့ လူဘယ်နှစ်ယောက် ကြည့်ပြီးရင် ဒေါင်းတယ် ဆိုတာ Server ကိုယ်ရတဲ့ memory နဲ့ဆိုင်ပါတယ်။ IP ဘယ်လောက်ပဲ ဝင်သုံးလို့ရမယ်လို့ ကန့်သတ်ထားပါတယ်။ user များရဲ့ဝင်ရောက်ကြည့်ရှု အသုံးပြုမှု အရေအတွက် တစ်ခု ရောက်လို့ Memory ကျော်သွားရင် server အလုပ်လုပ်မှု ရပ်ပါတယ်။ ပြီးတော့ မိမိ ဝဘ်ဆိုဒ်မှာ အချက်အလက်တွေ တင်တာ သတ်မှတ်ချက်ထက် ကျော်လွန်သွား ရင်လည်း ဒေါင်းပါတယ်။ အချက်လက် ဘယ်လောက်ပဲ ထည့်ဖို့ Server မှာ memory space ဘယ်လောက်ဝယ်ထားတယ် ဆိုတာမျိုးပေါ့။
Domain Name Server ဆိုရင်လည်း ဘယ်ဝဘ်ဆိုဒ် လိပ်စာ ဘယ် IP ကတော့ register လုပ်လိုက်ပါပြီ။ ငါဒီ IP နဲ့ လိပ်စာကို အခြားလူပေးလို့ မရတော့ဘူး အစရှိသဖြင့် DNS က အလုပ်လုပ်ပါတယ်။ ခုနေ www.facebook.com နဲ့ ဆိုဒ်တစ်ခု ရလားလို့ register လုပ်ကြည့်လေ။ ယင်း နာမည်ကို DNS မှာ register လုပ်ထားပြီးပြီမို့ နောက်လူတွေ လုပ်ယူလို့ မရတော့ပါဘူး။ ဒါက ရှင်းရရင် အများကြီးရှိပါသေးတယ်။ နောက်မှ ရှင်းပါ့မယ်။
Server ကို သာမန်ကွန်ပြူတာနဲ့ မလုပ်ရခြင်းက အကြောင်း ၂ ချက်ရှိ ပါတယ်။ တစ်ခုက ၂၄ နာရီအလုပ်လုပ်ရန် သာမန် ကွန်ပြူတာက မသင့်တော်ခြင်းနဲ့ သတင်းအချက်အလက်မြောက်များစွာကို လုံခြုံစွာ သိမ်းဆည်းမပေးနိုင်ခြင်းတို့ကြောင်းပါ။ ဒါကြောင့် Server ဆိုပြီး သီးသန့်စက်ကြီးတွေ၊ OS တွေနဲ့ run ရပါတယ်။
"နိဂုံးချုပ်"
ဒီလောက်ဆိုရင် Server ဆိုတာ ဘာကိုခေါ်တယ်။ ဘယ်လိုကွဲတယ်။ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကြမ်းဖျင်း သိပြီလို့ ယုံကြည် ပါတယ်။
အဆင်ပြေပါစေ
Credit…..Original Upload
Websiteနှင့်ပတ်သတ်သောကိစ္စအဝဝကို #Myanmar_Web_Store မှဆောင်ရွက်ပေးနေပါပြီ။
မြန်မာနိုင်ငံရှိလုပ်ငန်းအားလုံးWebsiteရှိစေရမည်
#Server


SEM ဆိုတာဘာလဲ?

SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...