SSD ဆိုသည် မှာ Solid State Drive လို့ အဓိပ္ပါယ် ရပါတယ်
နေ့စဉ် သုံးစွဲ နေကြတဲ့ Desktop, Laptop Computer တွေ မှာ အရင် က ဆို hard disk ကို အသုံးပြု ကြပေမယ့် တဖြည်းဖြည်း ပိုပြီး ပေါ့ပါး၊ မြန်ဆန် တဲ့ SSD ကို အစား ထိုး သုံးစွဲ လာကြပါတယ်
Hard Disk များသည် platter ကို read/write head များ နှင့် ဖတ်ခြင်းမျိုး ဖြစ်တာ ကြောင့်၊ data အသွင်း အထုတ် လုပ်ဖို့ အချိန် ကြာမြင့် ပါတယ်
လွတ်ကျပါက လည်း အလွယ် တကူ ပျက်ဆီး နိုင်ပါတယ်
အားသာ ချက် တခု အနေ နဲ့ ကတော့ တဖြည်းဖြည်း စျေး သက်သာ လာ ခြင်း ပဲ ဖြစ်ပါတယ်
SSD အနေ နဲ့ ကတော့ data ကို memory chips မှာ သိမ်းဆည်း ပါတယ်
ကွန်ပြူတာ power off လုပ်လည်း SSD မှာ သိမ်းဆည်း ထား သည့် data သည် ပျောက်ပျက် မသွား နိုင်ပါဘူး
တချို့ကွန်ပြူတာ တွေ (laptop and ultrabooks) မှာ SSD ကို motherboard ပေါ် မှာ တပ်ဆင် ပေးလိုက် ပါတယ်
workstation လိုမျိုး မှာ ကျတော့ PCI Express card အနေ နဲ့ ရှိ နိုင်ပါတယ်
ကွန်ပြူတာ ရဲ့ slot သို့ ထည့်သွင်း တပ်ဆင် အသုံးပြုတာ မျိုး လည်း ရှိပါတယ်
ဒါကြောင့် SSD သည် internal ရော external ရော ပါ ထည့် သွင်း အသုံးပြု နိုင်တယ် လို့ ဆိုရပါမယ်
SSD မှာ အသုံးပြု တဲ့ flash memory သည် USB thumb drive မှာ အသုံးပြု တဲ့ memory နဲ့ ကွာခြားပါတယ်
SSD က ပိုမို မြန်ဆန် ပြီး၊ ကြာရှည်ခံပါတယ်
data ပမာဏ အတူတူ ကို သိမ်းဆည်း ထား မယ်ဆို ရင် SSD က စျေးပို ကြီး ပါတယ်
SSD ကို ၂၀၀၀ ခုနှစ် နောက်ပိုင်း netbooks များ တွင် စတင် အသုံးပြု လာတယ် လို့ ဆိုနိုင်ပါတယ်
SSD ကို 2.5-inch form factor အရွယ်အစား အနေ နဲ့လည်း တွေ့မြင်နိုင်ပါတယ်
အဲဒီ အရွယ် အစား ရှိ တဲ့ hard disk များကို SSD နဲ့ အလွယ် တကူ အစားထိုးနိုင်ပါတယ်
2.5-inch form factor ရှိတဲ့ SSD သည်၊ 4 TB ပမာဏ အထိ ရှိ တတ် ပေမယ်၊ တချို့ ဆာဗာ တွေ မှာ တော့၊ 16 TB ပမာဏ အထိ တတ်ဆင် အသုံးပြုတာကိုတွေ့ရပါတယ်
SSD သည် စျေး ပို ကြီးသည် ဟု ဆိုခဲ့သလို ပဲ၊ 1TB internal 2.5-inch hard drive တခု သည် $50 လောက် ရှိချိန် မှာ ၊ ပမာဏတူ တဲ့ SSD ကတော့ $220 လောက် ရှိပါတယ်၊ နောက်ပြီး SSD သည် common usage အတွက် အများ ဆုံး ပမာဏ 4TB အထိပဲ ရှိ နိုင်ပါတယ်
speed က တော့ SSD ရဲ့ အား အသာ ဆုံး နေရာ လို့ ပြောလည်း ရပါတယ်
SSD ကို primary drive အနေ နဲ့ အသုံး ပြု တဲ့ PC နဲ့ Mac ကွန်ပြူတာ တွေဟာ boot လုပ်တဲ့ အခါ၊ အပလီကေးရှင်း တွေ ကို အသုံးပြုတဲ့ အခါ၊ ဖိုင်တွေ တနေရာ မှ တနေရာသို့ ရွှေ့ပြောင်း တဲ့ အခါမျိုး တွေ မှာ hard drive ထက် ပိုမို မြန်ဆန် ပါတယ်
Hard disk တွေ မှာ တော့ ဖိုင် တွေ သိမ်း/ဖျက် တာ တွေ လုပ်ရင်း fragmentation ဆိုတာ မျိုး ဖြစ်နိုင်ပေမယ့် SSD မှာ တော့ မရှိ နိုင်ပါဘူး
hard drive ကတော့ platter, stepper motor နဲ့ read/write head တွေ ပေါ် မှာ အခြေခံ တည်ဆောက် ထားခြင်း ကြောင့် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် လို့ ဖြစ်စေ၊ ပြုတ်ကျ လို့ဖြစ်စေ၊ ငလျှင် လှုပ်ခြင်း အစရှိသည့် သဘာဝ ဘေးအန္တရယ်မျိုးကြောင့် ဖြစ်စေ ပျက်စီး နိုင်ပေမယ့် SSD ကတော့ ဒါမျိုး မဖြစ်နိုင်ပါဘူး
SSD မှာ လှုပ်ရှား ရတဲ့ အပိုင်းမျိုး မပါဝင်တာ ကြောင့်၊ hard disk လိုမျိုး အသံထွက် ဆူညံနိုင် ခြင်းမျိုးလည်း မရှိပါဘူး
SSD မှာ hard disk လိုပဲ အသုံးပြု ချိန် ကြာမြင့်လာတဲ့ အခါ (၆ နှစ် နဲ့ အထက်လို့ ဆိုပါတယ်) သူ့ ရဲ့ flash memory ကို ရေး/ဖျက် လို့ မရတာ မျိုးတွေ ရှိလာနိုင်ပါတယ်
ဒါကြောင့် SSD ရော hard disk ပါ အသုံးပြု ချိန် နှစ်ချီ ကြာမြင့် ပြီ ဆိုရင် တော့ failur ကို ကာကွယ် ရန် အတွက် tool တခုခု ကို အင်စတော လုပ်ပြီး hard disk (သို့) SSD ၏ အခြေအနေ ကို စဉ်ဆက် မပြတ် စောင့်ကြည့်နိုင်ပါတယ်
Credit: IT
လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် ပရီမီယမ် Wesite Designများဖြင့် ခေတ်မှီလှပသေသပ်စွာ ပြုလုပ်ပေးနေပါပြီ
Websiteပြုလုပ်ဖို့ အခုပဲ Facebook Messengerမှာ Messageပို့ဆက်သွယ်လိုက်ပါဗျ
Myanmar Web Store
We Built Awesome Website
Wednesday, October 28, 2020
SSD ဆိုတာ...? (Solid State Drive)
Subscribe to:
Post Comments (Atom)
SEM ဆိုတာဘာလဲ?
SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...
-
RAM ဆိုတာဘာလဲ? RAM ဘယ်လိုအလုပ်လုပ်လဲ? RAM ဆိုတာ Computer, Phone တွေမှာသာမက Gaming Console တွေမှာပါ ပါဝင်တဲ့ အရေးကြီးဆုံးအစိတ်အပိုင်းထဲက တစ...
-
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထားတဲ့...
-
မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကွန်ပြုတာတစ်လုံး၏ Keyboard တွင်ပါဝင်သော အသုံးဝင်တဲ့ Function Keys များအကြောင်းကို လေ့လာသွားမှာ ဖြစ်ပါတယ်။ Fun...
No comments:
Post a Comment