....................................
ရိုးရိုး Hard Disk တွေထက်ပိုမြန်တဲ့ Solid State Drives တွေရဲ့အကြောင်းကိုတော့ နည်းနည်းပါးပါး တီးမိခေါက်မိရှိတယ်။ ဒါပေမဲ့ M.2 တွေ SATA တွေ Nvme တွေနဲ့ရှုပ်နေတာပဲဆိုတဲ့ သူတွေအတွက်ကို ဒီ Article လေး ရေးပေးလိုက်ပါတယ်။
SSD တွေမှာ ပုံစံ ( form factor ) ကိုပုံမှန်အားဖြင့်နှစ်မျိုး တွေ့ရလေ့ရှိပါတယ်။ M.2 SSD နဲ့ 2.5 Inch SSD ဆိုပြီးတော့ပါ။ နောက်ထပ် Add-in SSD ဆိုတာလည်းရှိပါသေးတယ်။ M.2 SSD ဆိုတာ Computer ရဲ့ M.2 slot မှာစိုက်ရတဲ့ အချောင်းသေးသေးလေးပါ။ ပုံမှန်အားဖြင့် 80x22mm လောက်ရှိတတ်ပြီး အဲ့ထက်လည်း တိုနိုင်၊ ရှည်နိုင်ပါတယ်။ M.2 SSD ရဲ့ အရွယ်အစားကိုသူ့ရဲ့ နောက်မှာပါဝင်တဲ့ နံပါတ်တွေကို ကြည့်ပြီးသိနိုင်ပါတယ်။ ဥပမာ M.2 Type-2280 လိုမျိုးပါ။ ပထမ နံပါတ် နှစ်ခုက အကျယ်ဖြစ်ပြီး၊ ဒုတိယနံပါတ် နှစ်ခုကတော့ အရှည်ဖြစ်ပါတယ်။ 2.5 inch SSD တွေကတော့ ပုံမွာ ပြထားတဲ့အတိုင်း HDD တွေနဲ့ဆင်တူတဲ့ Box လေးပါပဲ။ အခုနောက်ပိုင်းမှာတော့ Laptop တွေမှာ M.2 SSD တွေကို ပိုသုံးလေ့ရှိပါတယ်။ 2.5 SSD တွေနဲ့ယှဉ်ရင်နေရာစားသက်သာလို့ပါ။
M.2 SSD တွေမှာ Storage Size အမ်ားဆုံး 2TB ထိရှိတတ်ပါတယ်။ တျခား form factor တွေမှာ တော့အဲ့ထက် ပိုများများရနိုင်ပါတယ်။ M.2 SSD ကို ကိုယ့်ရဲ့ PC မှာသုံးဖို့အတွက် M.2 slot ပါဝင်တဲ့ motherboard လိုအပ်ပါတယ်။ တချို့ motherboard တွေမှာဆို M.2 slot နှစ်ခု၊ နှစ်ခုထက်ပိုပြီး ပါဝင်တာမျိုးလဲ ရှိတတ်ပါတယ်။
2.5 inch SSD တွေအနေနဲ့ ရိုးရိုး Hard Drive တွေမှာအသုံးပြုခဲ့တဲ့ SATA bus ကိုပဲ အသုံးပြုပါတယ်။ add-in card တွေမှာတော့ SATA ထက်ပိုမြန်ပြီး bandwidth ပိုမ်ားတဲ့ PCIe bus ကိုအသုံးပြုလေ့ရှိပါတယ်။
M.2 SSD တွေမှာတော့ sata အသုံးပြုထားတဲ့ SSD တွေရှိသလို၊ PCIe အသုံးပြုထားတဲ့ SSD တွေလဲရှိပါတယ်။ ဒါ့အပြင် SATA model တွေထက် 5 ဆလောက်ပိုပြီးမြန်တဲ့ PCIe with NVME interface သုံးထားတဲ့ SSD တွေလဲရှိပါသေးတယ်။ ဒါကြောင့် M.2 SSD တွေကိုအမျိုးအစားခွဲလိုက်မယ်ဆိုရင် .
M.2 SSD with SATA based
M.2 SSD with PCIe-based without NVMe support
M.2 SSD with PCIe-based with NVMe-support
ဆိုပြီး သုံးမျိုးခွဲလို့ရပါတယ်။ SATA based က Speed အနှေးဆုံးဖြစ်ပြီး PCIe based with NVMe suport က အမြန်ဆုံးပါ။ ဒါကြောင့် ကိုယ့်ရဲ့ Laptop မွာ M.2 SSD ထပ်စိုက်မယ်ဆိုရင် motherboard က ဘယ်အမျိုးအစားကို support လုပ်သလဲဆိုတာကိုအရင်ဆုံးသိဖို့လိုအပ်မှာဖြစ်ပါတယ်။
Crd: KING_IRF
Monday, October 12, 2020
M.2 SSD ဆိုတာဘာလဲ?
Subscribe to:
Post Comments (Atom)
SEM ဆိုတာဘာလဲ?
SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...
-
RAM ဆိုတာဘာလဲ? RAM ဘယ်လိုအလုပ်လုပ်လဲ? RAM ဆိုတာ Computer, Phone တွေမှာသာမက Gaming Console တွေမှာပါ ပါဝင်တဲ့ အရေးကြီးဆုံးအစိတ်အပိုင်းထဲက တစ...
-
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထားတဲ့...
-
မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကွန်ပြုတာတစ်လုံး၏ Keyboard တွင်ပါဝင်သော အသုံးဝင်တဲ့ Function Keys များအကြောင်းကို လေ့လာသွားမှာ ဖြစ်ပါတယ်။ Fun...
No comments:
Post a Comment