Tuesday, October 13, 2020

32-bit နှင့် 64-bit system ဆိုတာ ဘာလဲ?

32-bit နှင့် 64-bit  Processor ဆိုတာ ဘာလဲ။
32-bit နှင့် 64-bit Windows Operation System ဆိုတာဘာလဲ။
32-bit နှင့် 64-bit တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို
ဒီပို့စ်လေးကို ဖတ်လိုက်ရင် သိသွားမှာဖြစ်ပါတယ်။

Hardware ပိုင်း
-------------
၂၀၀၈ မတိုင်ခင်အထိ ကွန်ပျူတာတွေဟာ Single Processor တွေကို
အသုံးပြုပါသည်။ ထိုကွန်ပျူတာ Processor တွေကို 32-bit Processorလို့ ခေါ်ပါသည်။ ၂၀၀၈ နောက်ပိုင်းမှာ Dual Core, Quad Core နှင့် Octa Core ဆိုတဲ့ Multiple Processor တွေကို အသုံးပြုလာတာ ယနေ့အထိပါပဲ။ ထိုကွန်ပျူတာတွေရဲ့ Processor တွေကို 64-bit Processor လို့ ခေါ်ပါသည်။

Software ပိုင်း
------------
32-bit နှင့် 64-bit system ဆိုတာ တစ်စက္ကန့်အတွင်း ကွန်ပျူတာရဲ့ Processor (CPU) ကနေ RAM ကို အသုံးပြုပြီး တွက်ချက်လုပ်ဆောင်နိုင်မှုအတွက် ခွဲခြားထားတာပါ။
-32-bit system သည် 2^32 =(4,294,967,296 bytes = 4 GB) memory address များကို ရယူအသုံးပြုပါသည်။ ဆိုလိုသည်မှာ 32-bit system သည် 4 GB RAM  အထိသာ အသုံးပြုတွက်ချက်နိုင်ပါသည်။ ဒါ့ကြောင့် မိမိစက်မှာ RAM 8 GB စိုက်ထားတယ် ဆိုရင်တောင် 32-bit Windows OS (သို့မဟုတ်) 32-bit Application ကို အသုံးပြုမည်ဆိုလျှင်  4 GB RAM အထိသာ
ကွန်ပျူတာက အသုံးပြုနိုင်မှာဖြစ်ပါသည်။ ကျန်တဲ့ RAM တွေကို ကွန်ပျူတာက အသုံးမပြုနိုင်တဲ့အတွက် အလဟဿဖြစ်ပါသည်။

- 64-bit system သည် memory 2^64=(18,446,744,073,709,551,616 bytes = 17,179,869,184 GB (16 exabytes) of memory) ကို ရယူအသုံးပြုနိူင်ပါသည်။ ဒါ့ကြောင့် RAM ၏ 18-Quintillion bytes တိုတိုပြောရရင် 4 GB ထက်ကြီးတဲ့ memory ပမာဏကို အလွယ်တကူကိုင်တွယ်အသုံးပြုနိုင်ပါသည်။
ဒါ့ကြောင့်အခုနောက်ပိုင်းစက်တွေမှာ 32 GB RAM တွေ အထိ အသုံးပြုလာပြီဖြစ်သဖြင့် 64-bit Windows OS နှင့် Application တွေကို Standard အနေနဲ့အသုံးပြုလာကျပါသည်။ ဒါမှသာ စက်ရဲ့စွမ်းဆောင်ရည်ကို အပြည့်အဝအသုံးချလာနိုင်မှာဖြစ်ပါသည်။

64-bit ၏အားသာချက်များ
-----------------------
Multi-tasking တွင် 64-bit တစ်ခုကိုအသုံးပြုခြင်းအားဖြင့်
အသုံးပြုသူသည် Application အမျိုးမျိုးကို Windows တွင်
Computer ကို Hang(ရပ်ဆိုင်းခြင်း) မရှိစေဘဲ အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်စေပါသည်။ Gamer ကဲ့သို့သောမြင့်သော Graphic ဂိမ်းများကိုအလွယ်တကူ ကစားနိုင်စေသည်။ (သိုမဟုတ်) Memory များစွာယူရသည့် Photoshop သို့မဟုတ် CAD ကဲ့သို့ high-end software များကို
အသုံးပြုနိုင်စေပါသည်။ အဘယ်ကြောင့်ဆိုသော်၎င်းသည် multi-tasking ကိုအသုံးပြုသူများအတွက် လွယ်ကူပြီးထိရောက်စေလို့ပဲဖြစ်ပါသည်။ (Video Graphic Memory ကောင်းဖို့အတွက် VGA ကတ်ကိုလည်း
အဆင့်မြှင့်ဖို့လိုပါမည်။)

32-bit သည် 64-bit တွင် အလုပ်လုပ်နိုင်လား?
------------------------------------------
ကွန်ပျူတာတွင် Windows OS သည် 64-bit သို့မဟုတ် 32-bit version ရှိနိုင်သည်။ သို့သော် 32-bit Windows OS ဖြင့် 64-bit Processor သည် စွမ်းဆောင်နိုင်မှုအပြည့်အဝဖြင့် လည်ပတ်နိုင်မည်မဟုတ်ပေ။ များစွာသော 32-bit ပရိုဂရမ်များသည် 64-bit Processor နှင့်  64-bit OS တို့တွင်အလုပ်လုပ်ပါလိမ့်မည်။ သို့သော်အချို့သော32-bit ပရိုဂရမ်အဟောင်းများသည်
အကန့်အသတ် (သို့မဟုတ်) လိုက်ဖက်မှုမရှိခြင်းတို့ကြောင့်
ကောင်းမွန်စွာအလုပ်လုပ်နိုင်မည်မဟုတ်ပါ။

32-bit လား?၊ 64-bit လား?
------------------------
ယနေ့ကွန်ပျူတာအများစုသည် 64-bit ဖြစ်ပါသည်။
သို့သော် အကယ်၍ သင့်တွင် 32-bit ကွန်ပျူတာရှိပါက 32-bit OS ကို တပ်ဆင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။ သင့်တွင် 64-bit system ရှိပြီး 64-bit driver မပါသည့် peripherals(ဆက်စပ်ကိရိယာများ) များရှိပါက 32-bit OS ကို install လုပ်ခြင်းသည် သင်၏အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည်။ အခြားကိစ္စရပ်များအားလုံး၌ 64-bit hardware ကိုဝယ်ယူရန်၊ 64-bit operating system ကို install လုပ်ရန်နှင့်  64-bit applications များကိုအသုံးပြုရန်သည်အကောင်းဆုံးဖြစ်ပါသည်။ 

Credit: MCTS


No comments:

Post a Comment

SEM ဆိုတာဘာလဲ?

SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...