Monday, October 12, 2020

USB Device is not recognize ကို ဖြေရှင်းနည်း

ဒါကတော့အကိုတစ်ယောက်မေးထားတာလေးပါ..။ကျွန်တော်တို့ကွန်ပျူတာမှ USB Drive ကိုတပ်လိုက်တဲ့
အခါမှာ USB device is not recognized ဆိုပြီးသတိပေး Box လေးပေါ်လာ ရင်ဘယ်လိုဖြေရှင်းရမ လဲဆိုတဲ့နည်းလမ်းလေးတွေ ကိုကျွန်တော်လေ့လာမိ သလောက်ပြန်ပြီးတော့မျှဝေပေး  သွားပါမယ်..။

အရင်ဆုံးကီးဘုတ်မှ        Windows + R    ကိုနှိပ်ပြီး  Run Box ကိုဖွင့်လိုက်ပါ..။ပြီးရင် Run Box ထဲမှာ
Devmgmt.msc        လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..။ဒါဆိုရင် Device Manager လေးပွင့်လာ
ပါလိမ့်မယ်..        ။ပြီးရင် Menu နေရာလေးကို Right Click ပေးပြီး  Scan for hardware changes
လေးပေးလိုက်ပါ..။ဒါဆိုရင်မိမိတို့ကွန်ပျူတာကနေပြီးတော့ USB Drive လေးကို Scan ဖတ်ပြီးရှာ ပေးခြင်းဖြင့်လည်းအဆင်ပြေနိုင်စေပါတယ်..။တကယ်လို့ဒီနည်းလမ်းနဲ့ အဆင်မပြေဘူးဆိုရင်အောက် ကနည်းလမ်းလေးကိုဆက်ပြီးသုံးကြည့်ပါ..။

အပေါ်ကနည်းလမ်းလေးနဲ့အဆင်မပြေဘူးဆိုရင်တော့အောက်ကနည်းလမ်းလေးကိုဆက်ပြီးလုပ်ကြည့်လိုက်
ပါ..။အပေါ်မှာပြထားတဲ့နည်းလမ်းလေးအတိုင်း Drive Manager ကိုဖွင့်လိုက်ပါ..။
Universal Serial Bus controllers  ကိုဆက်ပြီးသွားပါ..။
ပြီးရင် Universal Serial Bus controllers  က  USB Root Hub  မှာ  Right Click ထောက်ပြီး
Properties ကိုသွားပါ..။ပြီးရင်တော့အောက်ကပုံလေးတွေမှာပြထားတဲ့အတိုင်းအဆင့်ဆင့်လိုက်
လုပ်ပေးလိုက်ပါ..။

OK ပေးပြီးပြီဆိုရင်တော့ Menu နေရာလေးကို Right Click ပေးပြီး  Scan for hardware
changes ပြန်လုပ်ကြည့်လိုက်ပါ..။
 
ဒါဆိုရင်တော့ Windows က USB Drive လေးကိုပြန်ပြီး recognizes ဖြစ်သွားပါလိမ့်မယ်..။ပြီးရင်တော့
Drive Manager လေးကိုပြန်ပြီးပိတ်လိုက်ယုံပါပဲ..။ဒီနည်းလမ်းနဲ့လဲအဆင်မပြေသေးဘူးဆိုရင်တော့အောက်
ကနည်းလမ်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ..။

အရင်ဆုံး USB Drive ကိုဖြုတ်လိုက်ပါ..။ပြီးရင်ကွန်ပျူတာကို restart ပေးလိုက်ပါ..။5 second ,
6 second စောင့်ပြီး USB Drive ကိုပြန်တပ်လိုက်ပါ..။ဒါဆိုရင်အဆင်ပြေသွားပါလိမ့်မယ်..။

Credit


No comments:

Post a Comment

SEM ဆိုတာဘာလဲ?

SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...