Artificial Intelligence (AI) ဆိုသည်မှာ ကွန်ပျူတာ သိပ္ပံပညာ ၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး စက်ကိရိယာတို့၏ အသိဉာဏ်ကို တီထွင်ရန် ရည်ရွယ်ထားသည့် ဘာသာရပ် ဖြစ်သည်။ လူသားများကဲ့သို့စဉ်းစားရန်နှင့်၎င်းတို့၏လုပ်ဆောင်မှုများကိုတုပရန် ပရိုဂရမ်ရေးဆွဲထားသောစက်များတွင် လူသား၏ဉာဏ်ရည်ကိုပုံဖော်ခြင်းဖြစ်သည်။ လူ့စိတ်နှင့်ဆက်စပ်သော စရိုက်များဖြစ်သောသင်ယူခြင်းနှင့် Problemsပြသနာဖြေရှင်းခြင်း စသည့်မည်သည့်စက်တွင်မဆိုထိုအသုံးအနှုန်းကိုအသုံးပြုနိုင်သည်။
Artificial Intelligence ၏စံပြလက္ခဏာမှာသတ်သတ်မှတ်မှတ်ရည်မှန်းချက်တစ်ခုရရှိရန် အကောင်းဆုံးအခွင့်အလမ်းများရှိသောလုပ်ရပ်များကို ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိခြင်း၊ လုပ်ဆောင်နိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။
ဥပမာအားဖြင့်
အခြေခံလုပ်ဆောင်ချက်များကိုတွက်ချက်ခြင်းသို့မဟုတ်စာသားကိုအကောင်းဆုံးအက္ခရာအသိအမှတ်ပြုခြင်းဖြင့်အသိအမှတ်ပြုခြင်းတို့ကိုပြုလုပ်သောစက်များသည်ဤလုပ်ဆောင်ချက်ကိုကွန်ပျူတာအတွင်းပိုင်း၏လုပ်ဆောင်မှုအဖြစ်ခွင့်ပြုထားခြင်းဖြစ်သည်။ AI သည်များစွာသောစက်မှုလုပ်ငန်းများစွာindustriesကိုအကျိုးပြုရန်စဉ်ဆက်မပြတ်တိုးတက်ပြောင်းလဲနေသည်။ စက်များသည်သင်္ချာ၊ computer scienceကွန်ပျူတာသိပ္ပံ၊ linguisticsဘာသာဗေဒ၊ psychologyစိတ်ပညာအစရှိသည့် အခြေခံစည်းမျဉ်းစည်းကမ်းအမျိုးမျိုးကို အသုံးပြုနိုင်ရန်တီထွင်ထားတာဖြစ်ပါတယ်။
AI ဟာ Computer Science ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။AI ဖန်တီးရန်အတွက် Program ရေးသားရာတွင် ကျွမ်းကျင်သော Programmer တွေ၊ Hardware ဆိုင်ရာကျွမ်းကျင်သူများနှင့် သက်ဆိုင်ရာဘာသာရပ် ကျွမ်းကျင်သူပညာရှင်များပေါင်းစပ်၍ တည်ဆောက်ယူရပါတယ်။ AI သည်သိပ္ပံနည်းပညာ Field တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် AI ကို အောက်ဖော်ပြပါ အဓိကအစိတ်အပိုင်းများအဖြစ်ထပ်မံခွဲခြား ထားပါ တယ်။
(1)Expert System၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ Expert များ၏ အတွေးအခေါ် အတွေ့အကြုံဗဟုသုတ များကို Computer ပညာရှင် များ၏ အကူအညီဖြင့် Program များရေးသားခြင်းနှင့် Hardware ဆိုင်ရာနည်း ပညာများပေါင်းစပ်ရန် တည်ဆောက်ထားခြင်းဖြစ်ပါသည်။Expert များ၏ အတွေ့အကြုံဗဟုသုတများကို လူ့ပတ်ဝန်းကျင်တွင် ကျယ်ပြန့်စွာ အသုံးချနိုင်ရန် ဖြစ်ပါတယ်။
(2)Natural Language Processing (NLP) Computer အသုံးပြုသူများ၏ တတ်ကျွမ်းနားလည်သော ဘာသာစကားဖြင့် Keyboard မှအမိန့်ပေး၍ Computer အားခိုင်းစေခြင်း Computer နှင့် အပြန်အလှန်ဆက်သွယ် ဆောင်ရွက်ခြင်းကို စွမ်းဆောင်နိုင်သည့် နည်းပညာဖြစ်ပါသည်။ ၎င်းနည်းပညာကို Natural Language Understanding နဲ့ Natural Language Generation ဆိုပြီး နယ်ပယ်(၂)ခု အဖြစ်ခွဲခြားနိုင်ပါတယ်။
(3) Speed(voice) Understanding(SU) Computer အားအသံဖြင့် အမိန့်ပေးလုပ်ဆောင်စေခြင်း၊ အပြန်အလှန်ဆက်သွယ်ခြင်း နည်းပညာဖြစ်ပါတယ်။
(4) Robotic and Sensory System အာရုံခံမူနည်းပညာနှင့် စက်ရုပ် နည်းပညာများကို ပေါင်းစပ်အသုံးပြုသည့် နည်းပညာဖြစ်ပါတယ်။ အောက်မှာတော့ သူ့တို့ရဲ့အကြောင်းကို အသေးစိတ်တစ်ချက်ချင်း ပြန်ရှင်းပြထားပါ တယ်။ စက်ရုပ်တွင် Electrical နှင့် Electronic ဆိုင်ရာပစ္ဓည်းများ Mechanical ဆိုင်ရာပစ္ဓည်းများ ပေါင်းစပ်ပါဝင်တည်ဆောက်ထားသော Electro Mechanical Device ဖြစ်ပါသည်၊ ၎င်း Robot အား Program များထည့် သွင်း၍ သတ်မှတ်ထားသည့် ဘောင်အတွင်း၌ အမျိုးမျိုးလုပ်ဆောင်နိုင်ပါ သည်။ အမြင်ကိုအာရုံခံခြင်း၊ ကြားခံနယ်၏ပြောင်းလဲမူကို အာရုံခံခြင်းအသံကို အာရုံခံခြင်းစသည့်စနစ်များအဖြစ် အမျိုးမျိုးရှိပါတယ်။ Intelligence Robot များသည် ပတ်ဝန်းကျင်အခြေအနေများအား အာရုံခံ၍သူ့အလို အလျောက် လုပ်ဆောင်ခြင်းဖြင့် Information ဆိုင်ရာအဖြေကိုရရှိအောင် စွမ်းဆောင်နိုင်စွမ်းရှိပါတယ်။ အဲဒီအချက်ကတော့ Automatic Machine တွေနဲ့ ကွဲပြားခြားနားချက်ဖြစ်ပါတယ်။ Machine Sensor တစ်ခုမှရရှိသော အချက်အလက်များကို Digitized လုပ်ထားခြင်းဖြစ်သည်။ အမြင်ဆိုင်ရာ
သတင်းအချက်အလက်များကို Computer တွင်ထည့်သွင်းထားသော ဗဟုသုတအခြေခံသည့် Program များ (Knowledge Base) ဖြင့် ပေါင်းစပ်ထားသည့် နည်းပညာပင်ဖြစ် သည်။
ကျွန်တော်တို့ AI နဲ့တည်ဆောက်ထားတဲ့ program တွေနဲ့ AI မပါဘဲတည်ဆောက်ထားတဲ့ program တွေရယ်ကို နှိုင်းယှဉ်ကြည့်ရအောင်
Programs Without AI
AI မပါတဲ့ program က တိကျတဲ့ မေးခွန်းတွေအတွက်ပဲ အဖြေထုတ်ပေးပါလိမ့်မယ်။ AI မပါတဲ့ program တွေကို ပြင်ဆင်မွမ်းမံတဲ့အခါ လွယ်ကူမှုမရှိသလို မြန်မြန်ဆန်ဆန်လည်း မလုပ်နိုင်တာကြောင့် program ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ပြင်ဆင်မွမ်းမံတဲ့အခါမှာလည်း program ရဲ့ structure ပါပြောင်းလဲပေးရပါမယ်။
Programs With AI
AI ပါတဲ့ program တစ်ခုမှာတော့ ယေဘုယျကျတဲ့ မေးခွန်းတွေကိုပါ အဖြေထုတ်ပေးနိုင်ပါလိမ့်မယ်။သူတို့တွေကိုတော့ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် ပြင်ဆင်မွမ်းမံနိုင်ပါတယ်။
Machine Learning Artificial Intelligence အပိုင်းကို libraries လုပ်လို့ရတဲ့ တွေကတော့
OpenCV
OpenCV ကို C++ အပြင် python, JavaME တို့နဲ့လည်းသုံးလို့ရပါတယ်။ AI based machines တွေနဲ့ smart devices တွေမှာသုံးဖို့ AI based software တွေရေးတဲ့နေရာမှာအသုံးပြုပါတယ်။
TensorFlow
TensorFlow ကို machine learning, deep learning တွေမှာသုံးပြီး computer algorithms တွေဖန်တီးရာတွင်အသုံးပြုပါတယ်။
Qt & QML
Qt က GUI software ဖြစ်ပြီး သူ့ကို software တွေရေးတဲ့နေရာမှာလည်းသုံးသလို AI project တွေမှာ display လုပ်ရတာတွေအတွက်သုံးပါတယ်။
Raspberry pi
Raspberry pi ဟာဆိုရင် small computer လို့ပြောနိုင်ပါတယ်။ သူ့ရဲ့ circuit က computer ရဲ့ CPU လိုပဲအလုပ်လုပ်နိုင်ပါတယ်။
Arduino
Electronics ကိုစဝင်တဲ့သူတွေ၊ အဓိကအားဖြင့် robots ပိုင်းစိတ်ဝင်စားရင် Arduino ကစပါလို့ပြောကြပါတယ်။ Arduino က open source ဖြစ်ပါတယ်
#Crd to original writer
#KING_IRF
Monday, October 12, 2020
AI ဆိုတာ Artificial Intelligence
Subscribe to:
Post Comments (Atom)
SEM ဆိုတာဘာလဲ?
SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...
-
RAM ဆိုတာဘာလဲ? RAM ဘယ်လိုအလုပ်လုပ်လဲ? RAM ဆိုတာ Computer, Phone တွေမှာသာမက Gaming Console တွေမှာပါ ပါဝင်တဲ့ အရေးကြီးဆုံးအစိတ်အပိုင်းထဲက တစ...
-
Computer အသုံးပြုနေတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ့် Computer ကို RAM Upgrade တိုးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်လက်ရှိသုံးနေတဲ့ Computer မှာသုံးထားတဲ့...
-
မင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ ကွန်ပြုတာတစ်လုံး၏ Keyboard တွင်ပါဝင်သော အသုံးဝင်တဲ့ Function Keys များအကြောင်းကို လေ့လာသွားမှာ ဖြစ်ပါတယ်။ Fun...
No comments:
Post a Comment