URLရဲ့ အရှည်ကောက်ကတော့ Uniform Resource Locatorဖြစ်ပါတယ်။ တိုက်ရိုက်အနေနဲ့ အရင်းအမြစ်တစ်ခုကို တသတ်မတ်ထဲ ညွှန်းတဲ့အရာလို့ ဘာသာပြန်လိုက်ပါမယ်။ Webစာမျက်နှာတစ်ခုက Data fileတစ်ခုဖြစ်တဲ့အတွက် တခြားWebPageတွေကနေ ခွဲခြားနိုင်ဖို့ တခြားPageတွေနဲ့ မတူညီတဲ့သတ်မှတ်ချက် (Unique Identifier) တစ်ခုနဲ့ခွဲခြားထားဖို့လိုအပ်ပါတယ်။ Web စာမျက်နှာတစ်ခုကိုသတ်မှတ်နိုင်ရန်အတွက် Identifierသုံးခုလိုအပ်ပါတယ်။ အဲ့ဒီ သုံးခုကတော့ Host/Port/Pathတို့ပဲဖြစ်ပါတယ်။ Webစာမျက်နှာ တစ်ခုကို မသတ်မှတ်ခင် Browserကို ဘယ်Clinet-server applicationအသုံးပြုမယ်ဆိုတာပြောဖို့လိုပါမယ်။အဲဒါကိုတော့ Protocolလို့ခေါ်ပါတယ်။ ဒါကြောင့် Identifier 4ခုလိုအပ်တယ်လို့ပြောလို့ရပါတယ်။
Protocol- Protocolဟာ Client Server Programအတွက်ဖြစ်ပြီးတော့ Web စာမျက်နှာကို Access လုပ်လို့ရစေရန်အတွက်လိုအပ်ပါတယ်။Protocolအတွက် အသုံးများတာကတော့ http တို့ httpsတို့အသုံးများပါတယ်။
Host – Host identifierကတော့ Serverရဲ့ IP addressဖြစ်နိုင်ပြီးတော့ Serverကိုပေးထားတဲ့ unique နာမည်တစ်ခုခုလည်းဖြစ်နိုင်ပါတယ်။ အဲဒီနာမည်ကတော့ ပုံမှန်အားဖြင့် domain Nameဖြစ်ပါတယ်။
Path- Path ဆိုတာကတော့ Operating Systemတစ်ခုထဲမှာ ရှိတဲ့ နေရာ ဒါမှမဟုတ် fileရဲ့နာမည်ကို သတ်မှတ်ပါတယ်။ Pathမှာသတ်မှတ်ထားတဲ့ပုံစံကတော့ Operating Systemပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။
အဲဒီလေးခုကိုပေါင်းစပ်ပြီး Uniform Resource Locater (URL)လို့ခေါ်ဆိုပါတယ်၊။URLကို အဲဒီ Unique Identifierလေးခု ထဲက မှ Separatorသုံးခုအနေနဲ့ အသုံးပြုကြပါတယ်။
ပုံစံက ဒီလိုပါ။
protocol://host/path (အများအားဖြင့် အသုံးပြုကြသည်)
protocol://host:port/path (Port နံပါတ်လိုအပ်ခဲ့ပါက)
URLအကြောင်းသိခွင့်ရတဲ့အတွက် အများကြီးကျေနပ်မယ်လို့မျော်လင့်ပါတယ်ဗျ။ကြိုက်နှစ်သက်ခဲ့ရင်လည်း Like – comment လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်
(-မိမိFacebookမှာ သိချင်နေတဲ့သူတွေရှိနေနိုင်တဲ့အတွက် Share လေးတချက်ဟာ သူတို့အတွက်အကူညီဖြစ်စေပါတယ်-)
#Myanmar_Web_Store
သင့်အတွက် အခွင့်အရေး - Websiteနှင့်ပတ်သတ်သော ကိစ္စ အဝ ဝ ကို Myanmar Web Storeမှာ #အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
မြန်မာနိုင်ငံရှိလုပ်ငန်းတိုင်း Websiteရှိစေရမည်။
Wednesday, October 28, 2020
URLဆိုတာဘာလဲ?
Subscribe to:
Post Comments (Atom)
SEM ဆိုတာဘာလဲ?
SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...
-
ကွန်ပျူတာကိုတော့ တော်တော်များများထိတွေ့ရင်းနီးအသုံးပြုကြပါတယ်... သူ့ရဲ့အလုပ်လုပ်ဆောင်ပုံကို ရိုးရိုးရှင်းရှင်းလေးပြန်စဉ်းစားရင် စိတ်ဝင်စားဖ...
-
RAM ဆိုတာဘာလဲ? RAM ဘယ်လိုအလုပ်လုပ်လဲ? RAM ဆိုတာ Computer, Phone တွေမှာသာမက Gaming Console တွေမှာပါ ပါဝင်တဲ့ အရေးကြီးဆုံးအစိတ်အပိုင်းထဲက တစ...
-
ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါ...
No comments:
Post a Comment