Wednesday, October 28, 2020

Windows 10 ကို ဘာ့ကြောင့် သုံးသင့်သလဲ..

Microsoft ကုမ္ပဏီက ထုတ်လုပ်တဲ့ Windows Operating System တွေရဲ့ ထုတ်လုပ်ခဲ့တဲ့ ဗားရှင်းတွေကို လေ့လာကြည့်မယ်ဆိုရင်
Windows 1.0, 1.02, 1.03, 1.04, 2.03, 2.10, 2.11, 3.0, 3.1,
Windows NT 3.1
Windows for Workgroups 3.11
Windows 3.2
Windows NT 3.5
Windows NT 3.51
Windows 95
Windows NT 4.0
Windows 98
Windows 2000
Windows Me
Windows XP
Windows Vista (Longhorn) (ချိုရှည်လို့ ခေါ်ရမလား)
Windows 7 (အမည်ဝှက် Blackcomb, Vienna) (ဘီးမည်းပေါ့ဗျာ)
Windows 8
Windows 8.1 (အမည်ဝှက် Blue) စသည်ဖြင့် ပြောင်းလဲ ထုတ်လုပ်လာခဲ့တာ
လက်ရှိသုံးနေကြတဲ့ Windows 10 (အမည်ဝှက် Threshold, Redstone)အထိ ရောက်လာခဲ့ပါပြီ။
အခုပြောတဲ့ ဗားရှင်းတွေက PC Version တွေပါ။ တစ်ကိုယ်ရည်သုံးဗားရှင်းတွေပေါ့။
နောက်ထပ် ဆာဗာကွန်ပျူတာအတွက် ဗားရှင်းတွေ၊ အခြား ဝင်းဒိုးစ်စနစ်သုံး Device တွေအတွက် ဗားရှင်းတွေ အများကြီး ကျန်ပါသေးတယ်။ ပို့စ်ရှည်သွားမှာစိုးလို့ မရေးတော့ဘူး။
အခုလက်ရှိအများစု သုံးနေတဲ့ သုံးလို့ အဆင်ပြေနေတဲ့ Windows 7 ကို လာမဲ့ အောက်တိုဘာလမှာ Supporting ပေးမှု ရပ်ဆိုင်းတော့မယ်လို့ Microsoft က ကြေငြာထားပါတယ်။
သူက ရပ်ဆိုင်းတော့မယ်ဆိုတော့ သုံးလို့ မရတော့ဘူးလားဆိုတော့ ရပါသေးတယ်။ နဂိုအတိုင်း ဆက်သုံးလို့လည်း ရပါသေးတယ်။ ဒါပေမဲ့ သူ့အတွက် ဘာမှ Update မရတော့ပါဘူး။
အဲဒီတော့ သိပ်မကြာတော့မီအချိန်မှာ ကျွန်တော်တို့အားလုံး Microsoft Windows 10 ကို ပြောင်းသုံးဖို့ လိုလာပါလိမ့်မယ်။
ကျွန်တော် စပြီးသုံးခဲ့စဉ်တုံးက Windows XP ကို အတော်ကြာကြာလေး မီလိုက်ပါတယ်။ နောက်ပိုင်း Windows Vista ထွက်လာသော်လည်း Graphic စားသုံးမှု များနေတယ်၊ XP နဲ့လည်း ဘာမှ မကွာခြားဘူးလို့ ခံစားရတဲ့အတွက် XP ကိုပဲ အားပြုပြီး သုံးဖြစ်ခဲ့ပါတယ်။ Windows 7 ထွက်လာတဲ့အချိန်ကျတော့ ဘယ်လိုပဲ ဖြစ်ဖြစ် Windows XP နဲ့ အများကြီးကွာခြားသွားတယ်။ အဲဒါနဲ့ အတော်လေး အသားကျလာတယ်။ Windows 8, 8.1 ထွက်လာပြန်တော့လည်း သိပ်ပြီး သဘောမကျတဲ့အချက်ကလေးတွေ ရှိနေသေးလို့ 7 ကိုပဲ ပေကပ်ပြီး သုံးနေပါသေးတယ်။ အခု Windows 10 ဆိုတာကြီး လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်က စပြီး ရင်းနှီးတဲ့အချိန်မှာ ဝင်းဒိုး 7 ထက် အများကြီး ကောင်းလာတာကို တွေ့ရတယ်။
ဘာတွေ ကောင်းလာသလဲ၊ ဘာ့ကြောင့် သုံးသင့်လဲ ဆိုတာလေးကို မိတ်ဆက်ပေးပါရစေ။
နံပါတ်(၁)အချက်ကတော့ လုံခြုံမှုစနစ် ကောင်းလာပါတယ်။ Windows ရဲ့ Firewall စနစ်လည်း တောင့်တင်းခိုင်မာတဲ့အတွက် Website တွေကို ဝင်ရောက်ကြည့်ရှုတဲ့အချိန်မှာ စိတ်ချလက်ချ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ တစ်ခုတော့ ရှိတယ်ဗျ။ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်မိရင် Firewall က ဘလော့လိုက်တာတွေဘာညာ အဲလိုတော့ ရှိတယ်၊ ဇွတ် အတင်းသွားဝင်ရင်တော့ ထိနိုင်တာပေါ့။
နံပါတ်(၂)အချက်က Virus Protection ပိုင်းပဲ။ Windows 7 မှာ ဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့အတွက် AntiVirus မဖြစ်မနေ၊ မရှိမဖြစ်ကို လိုအပ်တယ်။ လိုင်စင်နဲ့ ဝယ်သုံးလို့ရတဲ့ AV တွေကို မသုံးနိုင်ဘူးဆိုရင် Microsoft ကနေ ထုတ်တဲ့ Microsoft Security Essential ဆိုတာကို ဒေါင်းလုဒ်လုပ်ရတယ်။ ဆိုတော့ကာ Built-In မပါဘူးပေါ့။ ဒါပေမဲ့ Windows 8 ကစမယ်ထင်တယ်၊ Windows Defender ဆိုတာလေး အော်တိုပါလာတယ်။ သူ့ကို တစ်ပတ်တစ်ခါလောက် အင်တာနက်ချိတ်ပြီး Update လုပ်လိုက်ရင်ကို တော်ရုံဗိုင်းရပ်စ်လောက်ကတော့ ကြောက်စရာ မလိုပါဘူး။ ကျွန်တော် လက်ရှိ ဝင်းဒိုးစ်ကို တင်ထားတာ ၂ နှစ် နီးပါး ရှိပါပြီ။ ဗိုင်းရပ်စ် မကိုက်သေးဘူး။ ဗိုင်းရပ်စ်ပါရင်လည်း တန်းသိတယ်။ အဖွင့်ကို မခံတာ။ တန်း ဘလော့ပစ်လိုက်ရော၊ အဲလောက်ထိ ကြမ်းတယ်။ တစ်ခုတော့ ရှိတယ်။ ဝင်းဒိုးတင်ပြီးပြီးချင်း Antivirus က Update မဖြစ်တဲ့အတွက် အင်တာနက်ချိတ်ပြီး Update လုပ်ထားဖို့တော့ လိုသေးတယ်။ အချို့က ရှိတယ်။ Antivirus အကောင်းစား Kaspersky တစ်ခွေဝယ်ပြီးရင် တစ်သက်လုံးသုံးလို့ရမယ် ထင်နေတာမျိုး။ Update မဖြစ်ရင် စက်လေးတာပဲ ရှိတယ်။
နံပါတ်(၃)အချက်က User Friendly ဖြစ်တယ်။ သုံးရတာ ပိုလွယ်သလို ခံစားရတယ်။ စသုံးကာစမှာတော့ မူလ Windows7 နဲ့ မတူတဲ့အတွက် ကမောက်ကမ ဖြစ်နိုင်ပေမဲ့ သုံးတာ ကြာလာရင် ပိုလွယ်လာတယ်။ Folder Option လိုဟာမျိုးအတွက် အဆင့်ဆင့် လုပ်နေစရာ မလိုတော့ဘဲ ဘားပေါ်မှာတင် ကိုယ်လုပ်ချင်တဲ့ဟာကို အသင့် တင်ပေးထားတယ်။
နံပါတ်(၄)အချက်ကတော့ Net FrameWork လိုဟာမျိုး တစ်ခါတည်း ပါလာပြီးသား။ အသစ်တင်စရာ တော်ရုံ မလိုဘူး။ Program ရေးသားမဲ့သူတွေအတွက် အဆင်ပြေတာပေါ့။
နံပါတ်(၅)အချက်ကတော့ AI System အသုံးပြုထားတယ်။ Voice Recognition တွေဘာတွေ ကောင်းကောင်းသုံးလို့ ရတယ်။
နံပါတ်(၆)အချက်ကတော့ Driver အတော်များများ တစ်ခါတည်းပါလာတယ်။ ဒါ့ကြောင့် ဝင်းဒိုးစ်တင်ပြီးတာနဲ ဟိုဒရိုက်ဗာ ရှာ၊ ဒီဒရိုက်ဘာ တင် လုပ်ရတဲ့ အလုပ်က အထိုက်အလျောက် ကင်းတာပေါ့။ အဓိက လိုအပ်တဲ့ SoundCard Driver.. Graphic Driver တွေ တစ်ခါတည်းပါလာတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Card တွေက သူ့ထက် မြင့်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာ Driver ခွေနဲ့ တင်မှ အဆင်ပြေမယ်။
နံပါတ်(၇)အချက်ကတော့ App Store ပါတယ်။ အဲဒီဟာက Windows 8 မှာကတည်းက ပါတယ်ထင်ပါတယ်။
နံပါတ်(၈)အချက်ကတော့ Touch စနစ်ကို အထောက်အပံ့ ပေးထားတယ်။ မိတ်ဆွေတို့ရဲ့ ကွန်ပျူတာ မော်နီတာကြီးကသာ Touch စနစ် သုံးလို့ ရတယ်ဆိုရင် Windows 10 ကို မဖြစ်မနေ ရွေးသင့်တယ်။
နံပါတ်(၉)အချက်က မြန်မာစာစနစ် တစ်ခါတည်းပါလာပြီးသားဗျ။ ဒါပေမဲ့ Language တော့ မြန်မာလို သုံးလို့ မရသေးဘူး။ မြန်မာ Language ထည့်ပေးရအောင်ကလည်း မြန်မာနိုင်ငံက ဝင်းဒိုးစနစ်ကို ပိုက်ဆံအပြည့်ပေးပြီး ဝယ်သုံးတာ ရှားတာကိုး။ များသောအားဖြင့် Crack Version တွေကိုပဲ သုံးကြတာ များတယ်လေ။ ဥပမာ ပြောရရင် Adobe Page Maker 7.0 ဆို မြန်မာနိုင်ငံရဲ့ ဘယ်နေရာကအခွေကို ဝယ်ပြီး Install လုပ်လုပ် Serial No. 103911212998758673887545 ဆိုပြီးသာ ရိုက်ထည့်လိုက် အိုခေ။ အလွတ်ကို ရနေတော့တာ။ အဲဒီ Software တစ်ခွေတည်း ဝယ်ပြီးများ တစ်နိုင်ငံလုံး ဖြန့်လိုက်လား စဉ်းစားမိတယ်။
နောက်ပြီး သူ့ရဲ့ UI က Windows 7 နဲ့ မတူတော့ဘူး။ Windows 7 မှာ Areo Effect တွေကြောင့် နည်းနည်း လေးတယ်။ ဒီမှာတော့ အဲဒီလိုတွေ မလေးတဲ့ အပြင် မျက်စိထဲမှာ အမြင်ဆန်းပြီး ရှင်းလင်းသပ်ရပ်နေတယ်။
ကျန်တဲ့အချက်အလက်တွေလည်း အများကြီး ရှိနေပါသေးတယ်။
ကျွန်တော့်ကတော့ အပေါ်က အချက်တွေကြောင့် ကြိုက်တာပါပဲ။ တစ်ကမ္ဘာလုံးက Windows User တွေရဲ့ Feedback တွေလည်း အများကြီးပါပဲ။ Myanmar User တွေထဲမှာလည်း သုံးတဲ့သူတွေ အတော်များလာပါပြီ။
ဒါ့ကြောင့် Windows 10 ကို စမ်းပြီးသုံးကြည့်ဖို့ အကြံပြုလိုက်ရပါတယ်ဗျား။

Credit… Aung- Technology

websiteနှင့်ပတ်သတ်သောကိစ္စအဝဝ ကို MWSနှင့် #အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။
#Myanmar_Web_Store
မြန်မာနိုင်ငံရှိလုပ်ငန်းတိုင်း Websiteရှိစေရမည်။


No comments:

Post a Comment

SEM ဆိုတာဘာလဲ?

SEM ရဲ့အရှည်ကောက်ကတော့ Search Engine Marketing ပါ။ SEO အကြောင်းကိုတော့ ကျွန်တော်တို့ Myanmar Web Store ကဖော်ပြပီးဖြစ်ပါတယ်ဗျာ SEMကိုလူအနည...